ကော့ကရိတ်
....................

ချော့သိပ်တိုင်း အိပ်တဲ့မြို့ထဲ
ကော့ကရိတ် မပါဘူး ...။

မုန့်နဲ့ မြှောက်မြှောက်
တုတ်နဲ့ ခြောက်ခြောက်
မြောက်ချင်မှ မြောက်ပြီး
ကြောက်ချင်မှ ကြောက်တဲ့မြို့ ...။

ဝေဟင်ပေါ်က လေယာဥ်နဲ့ကောင်တွေကို
​မြေပြင်မှာ ခြေလျင်လျှောက်ပြီး
စိန်ခေါ်ရဲတဲ့ မြို့ ...။

သွေးနည်းရင် ဘေးချဲ
ငါတို့ ထိပ်ဆုံးက ဖြဲမယ်ဆိုတဲ့ မြို့ ...။

အထိနာမယ်မှန်း သိသိကြီးနဲ့
အမိမြန်မာပြည်ကို ထိလို့
လက်ခမောင်းခတ်ခဲ့တဲ့ မြို့ ...။

ပန်းပွင့်တာချင်း အတူတူ
ကော့ကရိတ်မှာ
ပွင့်တဲ့ပန်းက ယမ်းနံ့တွေ သင်းလို့ ...။

#နေရောင်
#22.10.2022.

image