💐💐 စိတ်ကောင်းမရှိဘူးဆိုရင်
ပြောသမျှစကားအမှား၊
လုပ်သမျှအလုပ် အမှား ဖြစ်မှာပဲ 💐💐
🌻🌻🌻🌻🌻🌻🌻🌻🌻🌻
မြန်မာနိုင်ငံမှာ ကျမ်းပေါင်းများစွာ ပြုစုပြီး
အကျိုးပြုသွားတဲ့ အမရပူရ မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီးက မိမိရဲ့တပည့်
သံဃာတွေ လိုက်နာဖို့ အချက်(၁၀) ချက်
ရေးဆွဲ သတ်မှတ်ထားတယ်။ နံပါတ် တစ်
က " စိတ်ကောင်းရှိဖို့က ပထမ " တဲ့။
အရာခပ်သိမ်း ဘာပဲလုပ်လုပ် စိတ်ကောင်း
နဲ့လုပ်မှ လုပ်ဆောင်ချက်တွေက မှန်ကန်မှု
ရှိမယ်။ စိတ်နဲ့ ရှေးဦးစွာ စဉ်းစားတွေးခေါ်
ကြံစည်ပြီးမှ နှုတ်ကလည်း ထုတ်ပြောတယ်။
ကိုယ်ထိလက်ရောက်လည်း လုပ်ကြတယ်။
စိတ်ကောင်းမရှိဘူးဆိုရင် ပြောသမျှစကား
အမှား၊ လုပ်သမျှအလုပ် အမှား ဖြစ်မှာပဲ။
စိတ်ဆိုသည်မှာ အဖြူထည်သက်သက်မျှသာ
ဖြစ်တယ်၊
စိတ်ကိုမှီပြီး ဖြစ်နေတဲ့ သဘာဝတရားတွေ
ကျတော့ အဆိုးနဲ့အကောင်း နှစ်ခု ရှိတယ်။
အဆိုးကို ဖယ်ရှားပြီး အကောင်းကို လက်ခံ
လို့ရှိရင် စိတ်ကောင်းလို့ ခေါ်တာပဲ။ အဆိုး
တွေနဲ့ တွဲနေတဲ့ စိတ်ကိုတော့ စိတ်ယုတ်မာ
လို့ ခေါ်တာ။ တကယ်က စိတ်က ယုတ်မာတာ
မဟုတ်ဘူး၊ သူနဲ့ တွဲနေတဲ့ အရာတွေက ယုတ်
မာတာ။
စိတ်လေးတစ်ခုကို စိတ်ကောင်း နဲ့ စိတ်ယုတ်မာ
လို့ ဆိုတာဟာ ကောင်းတာတွေနဲ့ ပေါင်းလို့ရှိရင်
အကောင်း၊ မကောင်းတာတွေနဲ့ ပေါင်းလို့ရှိရင်
မကောင်းဖြစ်တယ်။
မြတ်စွာဘုရားက ဟောတယ်၊ စိတ်ကလေး
ညစ်နွမ်းနေလို့ရှိရင် အခြေအနေ ဆိုးလိမ့်မယ်။
အခြေအနေဆိုးကိုပဲ မျှော်လင့်ရမယ်။ စိတ်ကလေး
ဖြူစင်နေရင် အကောင်းကိုပဲ မျှော်လင့်လို့ ရမယ်၊
ဒီနှစ်လိုင်းကို ခွဲခြားထားတာ။ မကောင်းတာတွေနဲ့
ပေါင်းတဲ့စိတ်သည် အဆိုးဘက်ကို သွားလိမ့်မယ်။
ကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်သည် အကောင်း
ဘက်ကို သွားလိမ့်မယ်။ အဲဒါကြောင့် စိတ်ကောင်း
ရှိဖို့က ပထမ လို့ ဆိုရတာ။
#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#posted_by_words_of_buddha
[ ဆရာတော်ဟောကြားတော်မူသော
" စိတ်ကောင်းရှိဖို့က ပထမ " တရားတော်မှ
ကောက်နုတ်ထားခြင်း ဖြစ်ပါ၍ အကျယ်အား
အဆိုပါတရားတော်တွင် ဖတ်ရှုနိုင်ပါသည်။ ]

