သတင်းဌာနတွေအရ ယနေ့ စစ်ကောင်စီကလွှတ်တဲ့ အကျဉ်းသား (၆၀၀၀) နီးပါးမှာ လူ့အခွင့်အရေးကာကွယ်သူ၊ တက်ကြွလှုပ်ရှားသူ က (၇၀၀) လောက်ပဲပါဝင်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ တက်ကြွလှုပ်ရှားလို့၊ စစ်တပ်ကိုဆန့်ကျင်လို့ အကျဉ်းကျစရာ ရှိကိုမရှိပါဘူး။

ယနေ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ကိုမြအေးလဲပါ ဝင်ပါတယ်။ ဘာပြစ်မှုမှ ကျူးလွန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီက အာဏာသ်မ်းတဲ့ မနက်ကစလို့ ဖမ်းဆီးထားရာက ယနေ့မှ ပြန်လည်လွတ်မြောက်လာတာပါ။ သူ့လိုပဲ မတရားဖမ်းဆီးခံထားရတဲ့ ထောင်သောင်းချီ လူပုဂ္ဂိုလ်တွေ လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆို တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။

#whatishappeninginmyanamar

Photo: Assistance Association for Myanmar-based Independent Journalists

image