Trending  느끼고있다 사랑받는
7 년

International Series ကြက်တောင်ရိုက်ပြိုင်ပွဲ မြန်မာကြက်တောင်မယ် သက်ထားသူဇာ ထပ်မံဗိုလ်စွဲ
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ရန်ကုန် ဇူလိုင် ၇ #moi
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဇူလိုင် ၄ ရက် မှ ၇ ရက်အထိ အိုင်ဗရီကို့စ် နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီး ချန်ပီယံဆု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

နှစ်ပွဲပြတ်အနိုင်ရ

သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် ဒုတိယအဆင့်မှ စတင်ကစားခဲ့ရပြီး မောရစ်သျှ အားကစားမယ် ဖူကူနီကို ၂၁-၁၅ မှတ်၊ ၁၄-၂၁ မှတ်၊ ၂၁-၁၉ မှတ်ဖြင့် ၂-၁ ပွဲ၊ ကွာတားဖိုင်နယ်တွင် ပါကစ္စတန်ကစားသမား ရှာဇက်ကို ၂၁-၁၇ မှတ်၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် အီရန်ကစားသမား ဆိုရာယာကို ၂၁-၁၉ မှတ်၊ ၂၁-၁၉ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဗိုလ်လုပွဲတွင် ယခုပြိုင်ပွဲ၏ ဆီဒင်သတ်မှတ်ချက် အဆင့် (၁) ရ အိန္ဒိယကစားသမား ကူဒါရာဗီလီကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သက်ထားသူဇာသည် ဗိုလ်လုပွဲတွင် ၂၁-၁၈ မှတ်၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင် ရခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် သက်ထားသူဇာ အတွက် ယခုနှစ်အတွင်း ငါးကြိမ်မြောက်ရရှိသည့် ချန်ပီယံဆုရခဲ့ပြီး လာမည့်ပြိုင်ပွဲများ အတွက်လည်း ယုံကြည်မှု ရှိစေခဲ့သည်။ သက်ထားသူဇာသည် ၂၀၁၈ အောက်တိုဘာ မှ ၂၀၁၉ ဇူလိုင်လအထိ နိုင်ငံတကာ ပြိုင်ပွဲများ၌ ချန်ပီယံဆု ခြောက်ကြိမ်၊ ဒုတိယဆု တစ်ကြိမ်ရရှိထားသည်။ ထို့ပြင် ယခုနှစ်အတွင်း ငါးကြိမ်မြောက် ချန်ပီယံဆုရယူ နိုင်ခဲ့ခြင်းဖြစ်ခဲ့ပြီး ယခုနှစ်အတွင်း ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင် ရိုက်ပြိုင်ပွဲနှင့် ကင်ညာနိုင်ငံ၌ ကျင်းပသည့် Future Series ပြိုင်ပွဲ၊ မောရစ်သျှ နိုင်ငံတွင်ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘီနင် နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက် ပြိုင်ပွဲတို့တွင် ချန်ပီယံ ဆုရရှိခဲ့သည်။

သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့၍ ကမ္ဘာ့အဆင့်သတ်မှတ်ချက် မြင့်တက် လာသော်လည်း အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောင်မြင်မှု ရရန် ကြိုးပမ်းရမည်ဖြစ်သည်။

ညီမြတ်သော်တာ

ဓာတ်ပုံ-သက်ထားသူဇာ(Facebook)

image