ကူးလာတာပါ

မအလ အမိန့်နဲ့စစ်ခွေးတွေမြို့လုံးကျွတ်နီးနီး မီးရှို့ခံရတာချင်းပြည်နယ် ထန်တလန်မြို့ ပထမ ဦးဆုံးဘဲ... ဒါပေမဲ့ ထန်တလန်မြို့သူ/မြို့သားတွေ တော်လှန်ရေးနဲ့ပက်သက်ပြီး စိတ်ဓာတ်ကျတဲ့စကား တော်လှန်ရေးအတွက် စိတ်အားလျော့စေမဲ့စကားတွေ မပြောကြဘူး ...

ဒါ့အပြင် မနေ့ကထန်တလန်နဲ့ ချင်းပြည်နယ် တော်လှန်ရေးအဖွဲ့တွေခန့်ထားတဲ့ ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမူးတွေ ဒုတိယအကြိမ်တွေ့ဆုံပွဲတောင်လုပ်နေကြပြီ... ကိုယ်ပိုင်အုပ်ချုပ်ရေး ကာကွယ်ရေးကနေစပြီး ဆေးရုံတွေ စာသင်ကျောင်းတွေအထိရှိနေပြီ ...

စစ်ကိုင်းတိုင်းကိုလဲကြည့်အုန်း ... စစ်ကိုင်းကကျေးရွာတွေကအိမ်ခြေ သောင်းနဲ့ချီမီးရှို့ခံထားရပြီ... နေ့စဥ်နေ့တိုင်းဆက်အရှို့ခံနေရတုန်း ... လူဦးရေထောင်ပေါင်းများစွာ စစ်ခွေးရှောင်လုပ်နေရတယ် ... ဒါပေမဲ့

အိမ်ခြံမြေတွေဆုံးရှုံး မိသားစုဝင်တွေအသတ်ဖြတ်ခံနေရ အငတ်ငတ်အပျက်အးပျက်ဒုက္ခဆင်းရဲခြင်းကြီးစွာကြုံနေရပေမဲ့ အဲ့ဒိ အညာသူ အညာသား ဗမာကြီးတွေက တော်လှန်ရေးကိုစိတ်ဓာတ်ကျစေမဲ့စကား နောက်ဆုတ်သွားမဲ့စကားပြောဖို့နေနေသာသာ PDF LDF နဲ့ ပကဖ တွေကို မရှိရှိတာတွေကို ဝိုင်းဝန်းထောက်ပံ့ပေးနေသေး...

ဒါဘဲလား မဟုတ်သေးဘူး ... တော်လှန်ရေးကာလ ၂ နှစ်ပြည့်တော့မယ် အခုချိန်ထိ စစ်ကိုင်းကကျေးရွာတွေက မအလ ကို နေ့စဥ်ဆန္ဒပြနေတုန်း ... တစ်ရက်မှမပျက်

ကရင်နီ ( ကယား ) မှာလဲကြည့် ... တော်လှန်ရေးတွေလက်ထဲကဖရူဆိုကိုစစ်ခွေးတွေပြန်သိမ်းတယ် ... ၅ ရက်မကြာဘူး ပြန်တိုက်ယူလိုက်တယ်... နေ့စဥ် အဝေးပစ်အမြောက်တွေ လေယာဥ်တွေနဲ့ ပစ်နေပေမဲ့ တော်လှန်ရေးတပ်သားတွေ အနောက်မဆုတ် ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြတယ် ... အခုထိ ခံချနေကြတယ်

အေး ဒါပေမဲ့ ကယားတိုင်းရင်းသားတွေ...
တိုက်ပွဲတွေကြောင့် မြို့လုံးကျွတ် ရွာလုံးကျွတ် ပြေးနေကြရပေမဲ့ တော်လှန်ရေးကြောင့် ဒုက္ခရောက်နေရပါပြီ တော်ကြပါတော့ ရပ်ကြပါတော့ ဘယ်သူမှမပြော ဘာသံမှမထွက် ... ဒုက္ခမှန်သမျှ ခါးစည်းခံပေးနေကြတယ်...

အဲ့ဒိလိုဘဲ ကချင် ကရင် နဲ့ ဘူဒိုဇာ ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကုန်သော ရန်ကုန် မန္တလေးက ပြည်သူလူထုအားလုံး မအလ ကပေးတဲ့ဒုက္ခမှန်သမျှ အံကြိတ်ခံနေကြတယ်... ဘယ်သူမှ NUG ကြောင့် PDF LDF ကြောင့် EROs တွေကြောင့်ဆိုပြီး လက်ညိုးထိုးအပြစ်မတင်ကြဘူး ...

ဘယ်လိုလူတွေက ထိုင်ဘလိန်းနေလဲသိလား

ဘီယာဆိုင် အရက်ဆိုင် လဖက်ရည်ဆိုင် တွေမှာထိုင်ပြီး ဖုန်းသုံးအွန်လိုင်းကြည့်နေကြတဲ့ ကမကလ တွေ ... ဗျုတီပါလာ စူပါမက်ကက် ပါတီကလပ်တွေမှာလှည့်လည်ကျက်စားနေတဲ့ ဖလမ တွေ ...

လုံခြုံအေးချမ်းပြီး စီးပွားရေးလုပ်ခွင့်ရနေတဲ့ နိုင်ငံတွေမှာ အခြေချခွင့်ရနေသော ဖာသည်ကြီးတစ်ချို့ရယ် ( အများစု တော်လှန်ရေးထောက်ပို့နေသူတွေကို မရည်ရွယ်ပါ ) က ...

တစ်နေ့ တစ်နေ့ တော်လှန်ရေးမပြီးသေးဘူးလား ပြည်သူတွေခံစားနေရတာမကြည့်ရက်လို့ပါ PDF LDF လေးတွေသေကုန်ပါပြီ တော်ကြပါ ရပ်ကြပါတော့ NUG ဘာလုပ်နေလဲ NUG ဝန်ကြီးတွေသေကုန်ပြီလား ဘလာဘလာဘလာ တွေ ထိုင်အော်နေကြလေရဲ့ ...

တကယ်ပါဗျာ အတော်စိတ်ပျက်စရာကောင်းတဲ့နိုင်ငံ...စဥ်းစားကြည့်ဗျာ တကယ်အသက်ပေးပြီး တိုက်ပွဲဝင်နေကြတဲ့ PDF LDF EROs နဲ့ ပကဖ တွေနဲ့အတူ စစ်ခွေးတွေကြောင့် လက်တွေ့ ဒုက္ခဆင်းရဲကြီးမားစွာကြုံတွေနေရသူတွေက အသံမထွက် ... တော်လှန်ရေးအတွက် စိတ်ပျက်အားလျော့စေမဲ့စကားတစ်ခွန်းမပြော ...

ဘယ်ပြောမလဲ ... သူတို့ဟာ တရားမူ့ မတရားမူ့ကိုသိကြလို့ သခင်စိတ်ရှိကြလို့ ... မတရားမူ့ကို မတော်လှန်ဘဲ အရှုံးနဲ့ရပ်လိုက်ရင် စစ်ကျွန်ဘဝရောက်သွားမှာ စိုးရိမ်ကြလို့ ... ဒါကြောင့် သူတို့က တော်လှန်ရေးအောင်မြင်တဲ့အထိသွားဖို့သာ စိတ်ရှိကြတယ် ...

ကျွန်စိတ်ရှိတဲ့ ဖလမ တွေ ကမကလ တွေကတော့ အဲ့ဒိမှာ ထိုင်အော်နေလိုက်ကြ ... အော်လို့အားမရရင် စစ်ခွေးတွေဖိနပ်ပါ သွားယက်ပေးလိုက်ကြ ... ဒါဘဲ

Sua Sponte...

Naing Aung