၂။ သခင်မြ (ကျောင်းဆရာ) ~
၇.၁၀.၁၈၉၇ ဖွား ထုံးဖိုဇာတိ ဆရာကြီးသခင်မြဟာကျဆုံး ချိန်မှာအသက် ၅၀နှစ်ဖြစ်ပြီးကျည် ၂ ချက်သင့်ကာကျဆုံးခဲ့ ပါတယ်။ကျဆုံးချိန်မှာထမ်းရွက်ခဲ့တဲ့ရာထူးတာဝန် ဝန်ကြီး ဖြစ်ကာ ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဋ္ဌာနကိုကြီးမှူးပါတယ်။
၂။ သခင္ျမ (ေက်ာင္းဆရာ) ~
၇.၁၀.၁၈၉၇ ဖြား ထုံးဖိုဇာတိ ဆရာႀကီးသခင္ျမဟာက်ဆုံး ခ်ိန္မွာအသက္ ၅၀ႏွစ္ျဖစ္ၿပီးက်ည္ ၂ ခ်က္သင့္ကာက်ဆုံးခဲ့ ပါတယ္။က်ဆုံးခ်ိန္မွာထမ္း႐ြက္ခဲ့တဲ့ရာထူးတာဝန္ ဝန္ႀကီး ျဖစ္ကာ ဘ႑ာေရးႏွင့္အခြန္ေတာ္ဝန္ႀကီး႒ာနကိုႀကီးမႉးပါတယ္။
၇၂ နှစ်မြောက် အာဇာနည်နေ့တွင် ချစ်လှစွာသော ကျဆုံးလေပြီးသော ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်းခေါင်းဆောင်ကြီးများအား ရိုသေစွာ အလေးပြုပါ၏...
"အောင်ဆန်းဇာနည်"
==============
ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
#martyrsday #myanmar #burma #shwechat 🇲🇲
====+====
၇၂ နှစ္ေျမာက္ အာဇာနည္ေန႔တြင္ ခ်စ္လွစြာေသာ က်ဆံုးေလၿပီးေသာ ဖခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္တကြ အာဇာနည္းေခါင္းေဆာင္ၾကီးမ်ားအား ရုိေသစြာ အေလးျပဳပါ၏...
ေအာင္ဆန္းဇာနည္
=============
ေဖေဖၚဝါရီ ဆယ့္သုံး မွာ
ဗိုလ္ခ်ဳပ္ေမြးေန႔ပါ၊
တစ္ေထာင့္ကိုးရာတစ္ဆယ့္ငါး
ေရွ႕ေန ဦးဖာသား၊
ဇာတိ နတ္ေမာက္ မေကြးခရိုင္
သိၾကမ်ား ခုတိုင္၊
ႀကံ့ႀကံ့ခိုင္လို႔ ဇာနည္ဘြား
မိခင္ေဒၚစုသား၊
တစ္ေထာင့္ကိုးရာေလးဆယ့္ခြန္
ေျပာင္းႂကြ တမလြန္၊
မ်က္ရည္သြန္လို႔ ဘဝင္ညႇိုး
ဇူလိုင္ တစ္ဆယ့္ကိုး။
ျပည္ေထာင္စုရဲ့ ေက်းဇူးရွင္
ဗိုလ္ခ်ဳပ္ တို႔ဖခင္၊
ေကာင္းေစခ်င္တဲ့ မွာစကား
ငါတို႔ မေမ့အား။

