ကိုခင္ဝမ္းနဲ႔ အတန္းသားခ်င္း ခင္တဲ့သေဘာပါ ။ ဒီေလာက္ႀကီး မတဲြမိၾကေသးဘူး ။ ေက်ာင္း စာကေတာ့ အဓိကေပါ ။ ကြၽန္ေတာ္က အင္းစိန္မွာ ေနတယ္ ။ အင္းစိန္ကေန ေက်ာင္းတက္ရေတာ့ ေက်ာင္းခ်ိန္မွာ ကိုခင္ဝမ္းနဲ႔ သိသြားတယ္ ။ ကြၽန္ေတာ္က အဲဒီအခ်ိန္မွာ ဂစ္တာ စတီးေနၿပီ ။ အခု မင္းသားျဖစ္ေနတဲ့ေက်ာ္ဟိန္း ( ေက်ာ္ေ႒း ) နဲ႔ စတဲြမိတယ္ ။ ေက်ာင္းမွာ ၁ ပတ္ တစ္ခါလုပ္တဲ့ Assembly ရိွတယ္ ။ ကိုယ့္အတန္း အလွည့္က်ခ်ိန္မွာ ေက်ာ္ဟိန္း က သီခ်င္း ဆိုတယ္ ။ ကြၽန္ေတာ္က ဂစ္တာတီးေပးတယ္ ။
ကြၽန္ေတာ္ အဲဒီေက်ာင္းမွာ ၆ လပဲ ေနခဲ့တယ္ ။ ပထမပိုင္း ၆လ ေပါ့ ။ အဲဒီအခ်ိန္မွာ ကိုခင္ဝမ္းနဲ႔ သူငယ္ခ်င္း ျဖစ္တာေလာက္ပဲ ရိွတယ္ ။ ေနာက္ေတာ့ မေတြ႕ျဖစ္ၾကေတာ့ပါဘူး ။ သူက ျပည္ကပါ ။ တကၠသိုလ္တက္ေတာ့ ရန္ကုန္တကၠသိုလ္ကို ေရာက္လာတယ္ ။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္က ဂစ္တာလွည့္တီးေနၿပီး ေက်ာင္းထဲက သူငယ္ခ်င္းေတြနဲ႔လည္း တဲြမိေနၿပီ ။
ရန္ကုန္ မိန္း ထဲမွာ ခင္ဝမ္းနဲ႔ ျပန္ေတြ႕တယ္ ။ အဲဒါနဲ႔ ကြၽန္ေတာ္က ကိုယ္႔ ့သူငယ္ခ်င္း ခင္ဝမ္း ဆိုၿပီး နႈတ္ဆက္လိုက္တယ္ ။
ေနာက္ေတာ့ ကြၽန္ေတာ္အျပင္မွာ ဂစ္တာတီးၿပီး သီခ်င္းေတြ သြင္းေနခ်ိန္မွာ ကိုခင္ဝမ္း အေခြ တစ္ေခြ ထုတ္တယ္ ။ ဟာ ... ခင္ဝမ္း တဲ့ ။ ကြၽန္ေတာ့္သူငယ္ခ်င္းပဲ ျဖစ္မွာပဲလို႔ ထင္မိတယ္ ။ အဲဒီအခ်ိန္တုန္းက သူဟာ ပန္းခ်ီဆဲြတယ္ ။ ပန္းခ်ီဆရာတစ္ေယာက္ အေနနဲ႔ နာမည္ပိုထြက္တယ္ ။ ပန္းခ်ီဆရာ ခင္ဝမ္းေပါ့ ။ ပံုကိုႏွိပ္၍ ဆက္လက္ ဖတ္ရွုပါရန္ ....
Unicode ..
ကိုခင်ဝမ်းနဲ့ အတန်းသားချင်း ခင်တဲ့သဘောပါ ။ ဒီလောက်ကြီး မတွဲမိကြသေးဘူး ။ ကျောင်း စာကတော့ အဓိကပေါ ။ ကျွန်တော်က အင်းစိန်မှာ နေတယ် ။ အင်းစိန်ကနေ ကျောင်းတက်ရတော့ ကျောင်းချိန်မှာ ကိုခင်ဝမ်းနဲ့ သိသွားတယ် ။ ကျွန်တော်က အဲဒီအချိန်မှာ ဂစ်တာ စတီးနေပြီ ။ အခု မင်းသားဖြစ်နေတဲ့ကျော်ဟိန်း ( ကျော်ဋ္ဌေး ) နဲ့ စတွဲမိတယ် ။ ကျောင်းမှာ ၁ ပတ် တစ်ခါလုပ်တဲ့ Assembly ရှိတယ် ။ ကိုယ့်အတန်း အလှည့်ကျချိန်မှာ ကျော်ဟိန်း က သီချင်း ဆိုတယ် ။ ကျွန်တော်က ဂစ်တာတီးပေးတယ် ။
ကျွန်တော် အဲဒီကျောင်းမှာ ၆ လပဲ နေခဲ့တယ် ။ ပထမပိုင်း ၆လ ပေါ့ ။ အဲဒီအချိန်မှာ ကိုခင်ဝမ်းနဲ့ သူငယ်ချင်း ဖြစ်တာလောက်ပဲ ရှိတယ် ။ နောက်တော့ မတွေ့ဖြစ်ကြတော့ပါဘူး ။ သူက ပြည်ကပါ ။ တက္ကသိုလ်တက်တော့ ရန်ကုန်တက္ကသိုလ်ကို ရောက်လာတယ် ။ အဲဒီအချိန်မှာ ကျွန်တော်က ဂစ်တာလှည့်တီးနေပြီး ကျောင်းထဲက သူငယ်ချင်းတွေနဲ့လည်း တွဲမိနေပြီ ။
ရန်ကုန် မိန်း ထဲမှာ ခင်ဝမ်းနဲ့ ပြန်တွေ့တယ် ။ အဲဒါနဲ့ ကျွန်တော်က ကိုယ့့်သူငယ်ချင်း ခင်ဝမ်း ဆိုပြီး နှုတ်ဆက်လိုက်တယ် ။
နောက်တော့ ကျွန်တော်အပြင်မှာ ဂစ်တာတီးပြီး သီချင်းတွေ သွင်းနေချိန်မှာ ကိုခင်ဝမ်း အခွေ တစ်ခွေ ထုတ်တယ် ။ ဟာ ... ခင်ဝမ်း တဲ့ ။ ကျွန်တော့်သူငယ်ချင်းပဲ ဖြစ်မှာပဲလို့ ထင်မိတယ် ။ အဲဒီအချိန်တုန်းက သူဟာ ပန်းချီဆွဲတယ် ။ ပန်းချီဆရာတစ်ယောက် အနေနဲ့ နာမည်ပိုထွက်တယ် ။ ပန်းချီဆရာ ခင်ဝမ်းပေါ့ ။ ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ....