မဲ့
=+=

တိမ်စိုင်ဖြူတွေ တရွေ့ရွေ့၊
မီးခိုးငွေ့က တလူလူ၊
ပင်ပျိုတွေ ယိမ်းနွဲ့လို့၊
စိမ်းလဲ့လဲ့ ကန်ရေပြင်ဟာ
ဘော်ငွေလွှာ လက်လက်။

ပုစွန်ဆီရောင် ညနေခင်းအတွက်
သက်ဝင် ပန်းချီကားချပ်ကို
ပုံဖော်သူ လေပြည်ညင်းကတော့

အရောင်မဲ့၊ အဆင်းမဲ့
ဖမ်းဆုပ်မရတဲ့
ဒြပ်မဲ့။

#khaing 🌻