အဝါရောင်ပန်းခင်းထဲက
ဆိုင်ခုံကလေးရဲ့ထီးရိပ်အောက်
ခရီးသွားတယောက် ရောက်လာတယ်။
သောက်စရာတခုခုပေးပါတဲ့။
ဒဏ်ရာနည်းနည်းနဲ့
ချိုမြိန်ခြင်းတချို့တဝက်
မျှော်လင့်ချက် ကလေးနဲ့ ထည့်ဖျော်ပေးခဲ့။
ယုံကြည်ရာလမ်းဆီ ခရီးဆက်မယ့်
အသင်မိတ်ဆွေအတွက်
ပြီးပြည့်စုံတဲ့ ကဗျာတခွက်။
#khaing 🌻
Mi piace
Commento
Condividi

