ပျံသန်းဝင်ရောက်လာဖို့အတွက်

ရှင့်မှာ အတောင်ပံတွေမရှိလည်း

ကျွန်မအနေနဲ့ အလေးအနက်ထားပါတယ်

ကျွန်မကိုယ်တိုင်က ပန်းလိုပွင့်နေတော့

ပန်းခင်းကြီး ယူလာဖို့လည်း မလိုပါဘူး

ကျွန်မကိုယ်တိုင်က ရာသီသုံးခုနဲ့မို့

ကောင်းကင်ကြီးထမ်းလာဖို့လည်း မလိုပါဘူး

သစ်ပင်နဲ့သစ်ရွက် သစ္စာထားသလို

ရှင့်ကိုယ်ရှင် စောင့်ရှောက်ပါ

ရှုခင်းနဲ့ မိုးတိမ်သားတွေလို

ကျွန်မနဲ့ မနီးမဝေးမှာ နေပါ

ဘဝရဲ့အဆီအနှစ်လေးတွေဆိုတာ

သူများဆီက နှိုက်ယူလို့မရတာ

ရှင်ရော ၊ ကျွန်မရော သိပါတယ် .... ။

Credit - မြကျေး

ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃