🌐🌐 ကျွန်းကြီး၄ကျွန်း 🌐🌐

ကျွန်းကြီး { ၄ } ကျွန်း အကြောင်း
➖➖➖➖➖➖➖➖➖➖➖
လူဘုံ { မနုဿဘုံ } တွင်
~~~~~~~~~~~~~~~
၁။ အရှေ့ကျွန်း
၂။ အနောက်ကျွန်း
၃။ မြောက်ကျွန်း
၄။ တောင်ကျွန်း ဟူသော
ကျွန်းကြီး { ၄ } ကျွန်း ရှိသည်

ကျွန်းကြီး { ၄ } ကျွန်းတွင်
~~~~~~~~~~~~~
တစ်ကျွန်းစီ၌ ကျွန်းငယ်ပေါင်း { ၅၀၀ } စီ ရံထားလေသည်
ထို့ကြောင့် ကျွန်းငယ် { ၂၀၀၀ } ရှိသည်

ကျွန်းကြီး { ၄ } ကျွန်း
ကျွန်းငယ် { ၂၀၀၀ } ရှိသော
မနုဿတို့၏ နေရာကို လူ့ဘုံ ဟု ခေါ်သည်
~~~~~~~~~~~~~~~~~~~~~

ကျွန်းကြီး { ၄ } ကျွန်း
➖➖➖➖➖➖➖
၁။ ပုဗ္ဗ ဝိဒေဟ - အရှေ့ကျွန်း
၂။ အပရ ဂေါယာန - အနောက်ကျွန်း
၃။ ဥတ္တရ ကုရု - မြောက်ကျွန်း
၄။ ဇမ္ဗူ ဒီပ - တောင်ကျွန်း

ပုဗ္ဗ ဝိဒေဟ ခေါ်- အရှေ့ကျွန်း
➖➖➖➖➖➖➖➖
🔸 အရှေ့ကျွန်း၏ အကျယ် အဝန်းသည် ယူဇနာ { ၇၀၀၀ } ရှိသည်
🔸 အရှေ့ကျွန်း၏ပုံသဏ္ဍာန်သည် လထက်ဝက် ခြမ်း နှင့် တူသည်
🔸 ထို ကျွန်းနေလူတို့၏ မျက်နှာ သဏ္ဍာန် မှာလည်း ကျွန်းသဏ္ဍာန် ကဲ့သို့ လထက်ဝက်ခြမ်းသဏ္ဍာန် ဖြစ်သည်
🔸 အရှေ့ကျွန်း၏ ကျွန်းဦး ကျွန်းထိပ်တွင် { ၁ } ယူဇနာ အမြင့်ရှိသော ကုက္ကိုပင် ရှိသည်။

အရှေ့ ကျွန်း သူ/ သားများသည်
~~~~~~~~~~~~~~
🔸 ကုန်ရောင်း ကုန်ဝယ် စသော ပညာနှင့် အသက်မွေး လုပ်ကိုင်ရသည့်အလုပ်ကိုလုပ်ကိုင်ကြသည်။
🔸 အသက် { ၇၀၀ } ရှည်ကြသည်

အပရ ဂေါယာန ခေါ်အနောက်ကျွန်း
➖➖➖➖➖➖➖➖➖
🔹 အနောက်ကျွန်း၏ အကျယ် အဝန်းသည် ယူဇနာ { ၇၀၀၀ } ရှည်ကြသည်
🔹 အနောက်ကျွန်း၏ပုံ သဏ္ဍာန်သည် လပြည့်ဝန်းနှင့်တူသည်
🔹 ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဍာန်မှာလည်း ကျွန်းသဏ္ဍာန်ကဲ့သို့ လပြည့်ဝန်းသဏ္ဍာန် ဖြစ်သည်
🔹 အနောက်ကျွန်း၏ ကျွန်းဦး ကျွန်းထိပ်တွင် { ၁ } ယူဇနာ အမြင့်ရှိသောထိန်ပင် ရှိသည်
🔹 အနောက်ကျွန်းသူ / သားများသည် နွားယာဉ်ကို စီး၍ သွားလာနေထိုင်တတ်သည် အသက် { ၅၀၀ } ရှည်ကြသည်

ဥတ္တရ ကုရု ခေါ် မြောက်ကျွန်း
➖➖➖➖➖➖➖➖➖
🔹 မြောက်ကျွန်း၏ အကျယ် အဝန်းသည် ယူဇနာ { ၈၀၀၀ } ရှိသည်
🔹 မြောက်ကျွန်း၏ ပုံသဏ္ဍာန်သည် အင်းပျဉ်မှန်နှင့်တူသည် ။ထိုကျွန်းနေ လူတို့၏ မျက်နှာ သဏ္ဍာန်မှာလည်ား ကျွန်းသဏ္ဍာန်ကဲ့သို့ အင်းပျဉ် မှန်နှင့်တူသည်။
🔹 မြောက်ကျွန်း၏ ကျွန်းဦး ကျွန်းထိပ်တွင် အမြင့် ယူဇနာ { ၁၀၀ } ရှိသော ပဒေသာပင် ရှိသည်
🔹 မြောက်ကျွန်းသူ / သားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူစားသောက်ပြီး ချမ်းချမ်း သာသာ နေထိုင်ကြရသည်။
🔹 အသက် { ၁၀၀၀ } ရှည်ကြသည် မြောက်ကျွန်းသူ / သားမျာသည် ဥပစ္ဆေဒက ကံနှင့် သေခြင်း မျိုး မရှိပေ
🔹 အခက် အလက် စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသောသစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။
🔹 မြောက်ကျွန်းသူ / သားများသည် ထို သစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု၍ နေထိုင်ကြသည်။အိပ်လိုသည့်အခါ အိပ်ရာများသည် အဆင်သင့် ဖြစ်နေ၏။
🔹 ကြာမျိုး ငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်
🔹 မြောက်ကျွန်းသူ / သားများသည် အရပ် မမြင့်လွန်း မပုလွန်း ကြည့်ကောင်းရုံမျှ အချိ ုး အစား ရှိသည်
🔹 အို မင်းခြင်း ဆံ ဖြူခြင်း ပါးရေတွန့်ခြင်း အားအင်ဆုတ်ယုတ်ခြင်း မရှိအမြဲ တင့်တယ် နေသည်။

မြောက်ကျွန်းတွင်
~~~~~~~~~
🔹 အေးခြင်း ပူခြင်း မှတ် ခြင် လေ နေပူ ကင်း ၊သန်း ၊ သားရဲတိရစ္ဆာန် စသော အနှောက် အရှက် ဘေးရန် လုံးဝ မရှိပေ။
🔹 အမြဲတန်း ရာသီဥတု မျှတ နေသည်
🔹 မြောက်ကျွန်းသူ /သားများသည် လယ်ယာ လုပ်ကိုင် ရခြင်း မရှိပေ။
🔹 မြေ၌အလိုလို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေးဆန်ကို အိုးတွင်ထည့် ၍
🔹 မီးကျီး အခိုး မထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည်

{ ဇောတိပါသာဏ မီးကျောက်သုံးခုကို ဖိုခနောက်လုပ်၍ သလေးဆန်ထည့်ထားသော ရွှေခွက်ကို တည်သည်။ မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထ တောက်နေသည် သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည် }
တစ်ခြား ဟင်းလျှာများကို မစားကြပေ မိမိလိုလား တောင်းတသည့်အတိုင်း အရသာ ဖြစ်လာကြသည်

ထို ဘောဇဉ်ကို စားသုံးကြသည့်အတွက် အနာရောဂါ လုံးဝ ကင်းရှင်းသည်~
🔹 မြောက်ကျွန်းသူ / သားများသည် ခါးကုန်ခြင်း ခြေ လက် ကောက်ခြင်း ခွင်ခြင်းကိုယ် အင်္ဂါ ချိ ု့ တဲ့သည်များ လုံး ဝ မရှိပေ
🔹 မြောက်ကျွန်းသူ / သားများသည် တင့်တယ်လျှောက်ပတ်သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်

မြောက်ကျွန်းသူ မိန်းမများသည်
~~~~~~~~~~~~~~~
🔹 လက်ချောင်း သွယ်သည်
🔹 လက်သည်း နီသည်
🔹 ရင်သားရှည်ပြီး ခါးသေးသည်
🔹 လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်
🔹 မျက်လုံး ကျယ်သည်
🔹 နူးညံ့သော အသားအရေ ရှိသည်
🔹 ပေါင်တံ သွယ်သည်
🔹 ဖြူစင်သော သွားများ ရှိသည်
🔹 ချက် ကျ စောက်နက်သည်
🔹 ဒူးဆစ် သေးသွယ်သည်
🔹 ဆံပင် နက်သည်
🔹 တင်ပါး ကျယ်သည်
🔹 အမွှေး အမျှင်မထူ မပါး ရှိသည်
🔹 စကားပြောလျှင် သိမ်သိမ် မွေ့မွေ့ ပြောဆို၏
🔹 လက်ဝတ်တန်ဆာ အမျိုးမျိုး ဝတ်ဆင်တတ်သည်
🔹 အသက် { ၁၆ } အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည် ယောကျ်ားများသည် အသက် { ၂၅ } နှစ် အရွယ်ကဲ့သို့အမြဲ တင့်တယ် နေသည်။
🔹 ယောကျ်ားများသည်သားမယားအပေါ် စွဲစွဲ လမ်းလမ်း ချစ်ချစ် ခင်ခင် မရှိကြ။
🔹 မြောက်ကျွန်းသူ ယောကျ်ား မိန်းမများသည်{ ၇ } ရက် တစ်ကြိမ် ကာမဂုဏ်မွေ့လျော်ကြသည် ။ ကျန်ရက်များတွင် ရာဂ ကင်းစွာ နေထိုင်ကြသည်။

#မြောက်ကျွန်းတွင်
🔹 ကိုယ်ဝန်ဆောင်ခြင်း သားဖွားခြင်း စသော ဒုက္ခ များ မရှိကြပေ။
🔹 သစ်တိုင်းနီ အတွင်းက ရွှေရုပ်ကလေးလိုမိခင်၏ ဝမ်းပိုက်မှ ကလေးငယ်သည် အညစ် အကြေးမရှိ ထွက်လာကြသည်။
🔹 အမျိုးသမီးများ မွေးဖွားချိန် ကျသည့်အခါ ရောက်သည့်နေရာ၌ မွေးဖွားတတ်သည်။
🔹 မွေးဖွားသည့်အခါ ထိုင်၍ မွေးဖွားသည်အိပ်၍လဲ မွေးဖွားတတ်သည်။
🔹 မိခင်များသည်ဖွားမြင်ပြီး သားသမီးများကို အငဲ့အကွက်မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့ သွားလိုရာကို သွားကြသည်။
🔹 ထိုကလေးငယ်များကိုတွေ့သည့် ယောကျ်ား မိန်းမများက မိမိတို့၏လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ထည့်လိုက်လျှင် နို့ထွက်လာသည်။
🔹 လက်ညှိုးက ထွက်လာသော နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည် ။
🔹 မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ ယောကျ်ားကလေးဖြစ်လျှင် ယောကျ်ားကြီးများဆီသွားရောက်နေထိုင်ကြရသည်

မြောက်ကျွန်းတွင်
~~~~~~~~~
သားက အမေကိုမသိ
အမေက သားကိုမသိ
သားနှင့်အမေသည် ယောကျ်ားမိန်းမသဘောအရ တပ်မက်ခြင်းမရှိကြ

ထိုသို့ဖြစ်ခြင်းမှာ
🔹 သူတို့တွင်ရှိသော တရားသဘောများ၏ဓမ္မတာ အစွမ်းသတ္တိကြောင့် ဖြစ်သည် အမြင့်ယူဇနာ { ၁၀၀ } ရှိသော ပဒေသာပင်များသည်နေရာတိုင်းလိုလို ရှိနေကြသည် ။ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အဝတ်တန်ဆာများနှင့်တူရိယာများ ရှိကြသည်။
🔹 လိုချင်သော ပစ္စည်းကို အပင်ရင်းကဖြစ်စေ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင်အလို အလျှောက် ရသည်။
🔹 အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန်ကောင်းမွန်သော အသီးများ သီးသည် ။ထိုအသီးများကိုစားလျှင် { ၇ } ရက် အဆာပြေသည်။
🔹 မြစ်များတွင် အလွန်ကြည်လင်သော ရေများရှိသည်။ ရွံ့ ညွံ သဲ လုံးဝ မရှိ ။
🔹 ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲတင့်တယ် လှပနေသည်။
🔹 ဆူးရှိသောမြက် ကြမ်းတမ်းသော ချုံပင်များ လုံဝမရှိပေ။

မြောက်ကျွန်းတွင်
~~~~~~~~~~
🔹 စန္ဒကူး ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။
🔹 မြောက်ကျွန်းသူ /သားများသည်ကိုယ့်ဟာ ၊ သူ့ဟာ ခွဲခြားမှု မရှိကြ ။

ထို့ကြောင့်
🔹 ငြင်းခုံ ခိုက်ရန်ဖြစ်ခြင်းလုံးဝမရှိပေ။
🔹 မြောက်ကျွန်းသူ / သားများသည် လူသေကို တွေ့လျှင် မငိုကြ သောက မဖြစ်ကြ။
🔹 လူသေကောင်ကို အဝတ်တန်ဆာ ဆင်ယင်ပြီးစွန့်ပစ်လိုက်ကြသည်။
🔹 ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင်သွားကြသည်။

ထို့ကြောင့်
🔹 မြောက်ကျွန်းတွင် သင်္ချိုင်းမရှိပေ
🔹 မြောက်ကျွန်းသူ / သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်။ငါးပါး သီလမြဲသောကြောင့် နတ်ပြည်၌သာ စံရသည် ။ အမြဲတမ်း အသက် { ၁၀၀၀ } ပြည့်အောင် နေကြရသည်။
🔹 မြောက်ကျွန်းသူ /သားများသည် ဇမ္ဗူ ဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ် { ၃ } ပါး ရှိသည်။

၁။ မြောက်ကျွန်းသူ /သားများသည် ငါ့ရွှေ ငါ့ငွေရယ်ဟုမြတ်နိုးမနေပေ။
၂။ မြောက်ကျွန်းသူ / သားများသည် ငါ့လင် ငါ့သား ငါ့မယား ယူ၍ သိမ်းဆည်း မနေပေ။
၃။ မြောက်ကျွန်းသူ/သားများသည် အသက် { ၁၀၀၀ } အမြဲ နေကြ သည်။

ဇမ္ဗူ ဒီပ ခေါ် တောင်ကျွန်း
➖➖➖➖➖➖➖
🔹 တောင်ကျွန်း၏ အကျယ် အဝန်းသည် ယူဇနာ { ၁၀၀၀၀ } ရှိသည်။
🔹 တောင်ကျွန်း၏ ပုံသဏ္ဍာန်သည် လှည်းဦးဆုံနှင့် တူသည်။
🔹 ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဍာန်မှာလည်း ကျွန်းသဏ္ဍာန်ကဲ့သို့ လှည်းဦးဆုံနှင့် တူသည် ။
🔹 တောင်ကျွန်း၏ မြောက်ဘက် ကျွန်းဦးတွင် အမြင့် { ၁၅ } ယူဇနာရှိသော သပြေပင် ရှိသည် ။တောင်ကျွန်းသူ / သားများ၏ သက်တမ်းသည် အမြဲ မရှိပေ။
🔹 ဇမ္ဗူ ဒီပ ခေါ် တောင်ကျွန်းက လူသားများသည် ဘုရား ပစ္စေက ဗုဒ္ဓါ စြင်္ကာမင်းများ ဖြစ်တတ် ကြသည်။
🔹 ဇမ္ဗူ ဒီပ တောင်ကျွန်းသားများသည်မြောက်ကျွန်းသူ / သားများထက် လွန်မြတ်သော ဂုဏ် { ၃ } ပါး ရှိသည်။
၁။ ဒါနစသော ကုသိုလ်ကောင်းမှုပြုလုပ်ရာမှာ ရဲရင့်သည်
၂။ အပ္ပမာဒ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံသည်
၃။ အရိယာ မဂ် ဖိုလ် မျိုးစေ့ကို ဖြစ်စေနိုင်သည်။

တစ်ခြားကျွန်းထက် တောင်ကျွန်း၏ ထူးမြတ်ခြင်းကြီး { ၅ } ပါး ရှိသည်
၁။ ယူဇနာ { ၁၀၀၀၀ } ကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း
၂။မဟာဗောဓိပင်မင်းနှင့်အပရာဇိတပလ္လင်တော် ပေါ်ပေါက်ရာ ဖြစ်ခြင်း။
၃။ဘုရား ပစ္စေကဗုဒ္ဓါ တို့၏ပွင့်ထွန်း ပေါ်ပေါက်ရာ ဖြစ်ခြင်း။
၄။စြင်္ကာမင်း မန္ဓာတ် မင်းမြတ်တို့၏ ဖြစ်ပေါ်ရာဖြစ်ခြင်း။
၅။ နိဗ္ဗာန်သို့ ဖြောင့်တန်းစွာ ကူးနိုင်ရာ ကျွန်းမြတ်ဖြစ်ခြင်း။

မွေးဖွားပုံ { ၄ } မျိုး
〰〰〰〰〰〰〰
၁။ ဂဗ္ဘသေယျက ပဋိသန္ဓေ
〰〰〰〰〰〰〰
လူတို့သည် ပုံမှန်အားဖြင့် ဂဗ္ဘသေယျက ပဋိသန္ဓေတည်၍ မွေးဖွားကြသည် အမိဝမ်းတွင်၌ တည်၍ မွေးဖွားကြသည်။

၂။ ဥပပတ် ပဋိသန္ဓေ
〰〰〰〰
ကမ္ဘာဦးအခါက ဥပပတ် ပဋိသန္ဓေနဲ့ လူလာဖြစ်ကြသည်။ သစ်ပင် ကြာတိုက်စသော စိမ်းစိုသည့် အရာဝတ္ထ ုတစ်ခုခုကို မှီပြီး လူဖြစ်သည်။ { လူဖြစ်သည့်အရွယ်မှာ { ၁၆ } နှစ်ဖြစ်၍ တဖြေး ဖြေး ကြီးပြင်းလာသည် }

ကမ္ဘာဦးအခါက လူသားများနှင့် အမ္ဗပါလီ သည် ဥပပတ် ပဋိသန္ဓေနှင့် မွေးဖွားသူများဖြစ်သည်။

၃။ သံသေဒဇ ပဋိသန္ဓေ
〰〰〰〰〰
သစ်ပင် ကြာတိုက်စသော စိမ်းစိုသည့်အရာဝတ္ထ ုတစ်ခုခုကို မှီပြီး လူဖြစ်သည်။ { ကလေးဘဝမှစ၍ တဖြေးဖြေး ကြီးပြင်းလာသည် }

လူ့ဘုံတွင်သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူအတော်များများ ရှိသည် ။ ပဒုမဝတီမိဖုရားပဒုမဝတီ၏သား { ၄၉၉ } ယောက်။
အာကင်္ခ မင်းသမီး ပေါက္ခရ သာတိ ပုဏ္ဏား တို့သည် သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

၄" အဏ္ဍဇ ပဋိသန္ဓေ
〰〰〰〰〰
တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်း ဖြစ်သည် လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေတည်ခြင်း အလွန်းရှားသည်။

သေဆုံးပုံ { ၄ } မျိုး
〰〰〰〰〰〰
မွေးလာပြီးလျှင် အကြောင်း {၄ } ချက်နဲ့ သေကြရသည်။
၁" အာယုက္ခ အသက်တမ်းကုန်၍ သေခြင်း
၂" ကမ္မက္ခယ ကံကုန်၍ သေခြင်း
၃" ဥဘယက္ခယ အသက် ကံ { ၂ } ပါး ကုန်၍ သေခြင်း
၄" ဥပစ္ဆေဒက အသက်တမ်းနှင့်ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံက ဖြတ်သတ်၍
သေခြင်း

ကျမ်းကိုး
〰〰〰
နဝ အင်္ဂုတ္တရ အဌကထာ
နဝ အင်္ဂုတ္တရ ပါဠိတော်
မောင်ဝိဇ္ဇာ ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း
တက္ကသိုလ် ရှင်သီရိ နတ်ပြည်ရောက်
လူသားတို့၏ဘဝအတွေ့အကြုံ
ဦးနန္ဒ { ဝိဇ္ဇာဂုဏ်ထူး }ဘုံဘဝ ပုံပြတရားတော်
ဦးမြတ်ကျော် { မြန်မာစာကော်မရှင် } ၃၁ ဘုံ ခရီးသည်

💠 သာယာချမ်းမြေ့ကြပါစေ 💠
🌟Crd Siccani🌟
Credit-Original Uploader (ရေးသူကို ကျေးဇူးတင်ပါတယ်)

image