🌻 နေမှာ နေကြာပန်းတွေအများကြီးရှိတယ်။ နေကြာပန်းမှာတော့ နေမင်းတစ်စင်းပဲရှိတာပါ။

🌻 နေကြာပန်းက နေကို အတောက်ပဆုံး ချစ်မြတ်နိုးတယ်။ မွေးဖွားလာချိန်ကနေ သေဆုံးချိန်ထိပေါ့။

🌻 ကိုယ်ဟာ နေကြာပန်းလေးတစ်ပွင့်ပါ။ တစ်ကိုယ်လုံး နေခြည်ရနံ့တွေသိုင်းခြုံလို့ ... ခေါင်းမော့မကြည့်လည်း အလင်းနဲ့ သူလွှမ်းခြုံပေးထားတယ်ဆိုတာကို သိတယ်။

🌻 နေကိုဆုံးရှုံးသွားတာနဲ့ နေကြာပန်းဟာ လှည့်ပတ်တဲ့ဦးတည်ရာ ပျောက်သွားတော့တာပဲ။

🌻 နေကြာပန်းဟာ သူ့နာကျင်ကြေကွဲမှုတွေကို ဘယ်တော့မှ နေမင်းကိုထုတ်ဖော်မပြဘူး။ သူဟာ အမြဲပြုံးနေတဲ့ နေကြာတစ်ပွင့်ဖြစ်လို့...

🌻 နေ့ရက်တိုင်းကို ပြုံးပြုံးရွှင်ရွှင်ပွေ့ဖက်မယ်။ နေကြာပန်းလိုနွေးထွေးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ဖို့ ...


#နေကြာပန်းလေးတစ်ပွင့်လို_ပြုံးပါ
#knowledge_land
#နိုင်းနိုင်းစနေ