နွေဦးသစ္စာ
=+=+=
၂၀၂၁ နွေဦး
လူ့ဘီလူး အာဏာရူးလိုက်တာလေ
လူ့အသက်တွေ ရွက်ခြောက်လိုကြွေလွင့်
ကံ့ကော်ဝတ်ဆံဟာ ယမ်းနံ့တွေ သင့်လို့။
အညွန့်တလူလူ တက်နေတဲ့ အနာဂတ်တို့
နောက်ကျော ရင်ဘတ် ဦးခေါင်းတွေ ပွင့်ထွက်။
နက်ဖြန်ခါ ဘာဖြစ်မယ် မသိကြ
ဒဏ်ရာရတဲ့ နေ့ညတွေ။
အရုဏ်ကျင်း အလင်းရောက်ဖို့
သွေး ချွေး ခန္ဓာတွေ မီးမြှိုက်
စိတ်ဓာတ်တွေ အင်တိုက်အားတိုက်နဲ့
ညဉ့် အမှောင်ကို ဝိုင်းရိုက်နေကြတယ်။
အမှန်တရားကို နတ်ဘုရားတို့သစ္စာခံသတဲ့
ကလောင်တချက်ဝင့်တိုင်း မိစ္ဆာရိုင်းရဲ့ ရင်ကို နှက်မယ်။
ငါတို့ သီဖွဲ့သမျှ စာကဗျာတွေ
ဓားအိမ်ကကျွတ်၊ ဓားလွတ်ဖြစ်စေ။
#khaing 🌻
#foc
#နွေဦးတော်လှန်ရေး
#ကဗျာရသစာတမ်းဝတ္ထုတိုပြပွဲ
#13th_sept_2021
כמו
תגובה
לַחֲלוֹק


Hnin Nway Oo
מחק תגובה
האם אתה בטוח שברצונך למחוק את התגובה הזו?