နှစ်ရက်ရှိပြီ
အလုပ်တွေအဆင်မပြေဘူး
မင်းကိုလည်း အရမ်းသတိရတယ်
တကယ်လို့ မင်းသာရှိရင်
ငါ့ကိုဆူမှာလား
အားပေးမှာလား
ငါကတော့ နားထောင်ပေးဖို့ပဲ
မျှော်လင့်တယ် အခက်အခဲတွေဖြေရှင်းပေးစရာမလိုပါဘူး
ဒါပေမယ့်လည်း
ငါ့အပူတွေ နင့်ကိုဟပ်မှာကြောက်မိပြန်ရော
ရယ်ရတယ်နော်
နင်နဲ့လည်းဘာမှမဆိုင်ပဲ
ဘာတွေလျှောက်တွေးနေမိတာလဲကွာ
သတိရတာတော့ တကယ်ပါပဲ
Kao
Komentar
Udio


Hnin Nway Oo
Izbriši komentar
Jeste li sigurni da želite izbrisati ovaj komentar?