သည်နေ့မနက် ဈေးရောက်ဖြစ်တယ်။ ဈေးတန်းအလယ်လောက်မှာ ဝယ်ခြမ်းနေတုန်း ဟိုးအဝေး မျက်စေ့တဆုံးစာနေရာလောက်က ဈေးသည်တယောက်က ထအော်တယ်၊ ကားလာပြီ ကားလာပြီတဲ့။ လမ်းအလယ်မှာ ရောင်းချနေတဲ့ဈေးသည်တွေဟာ ဗန်းတွေ တလကြမ်းဆွဲသိမ်းပြီး ဘေးလွတ်ရာ ပြေးကပ်ရရှာပါရော။ ဝယ်နေတဲ့သူတွေလည်း ရှောင်ပေးရတာ အပြေးအလွှား။

ဈေးတန်းထဲ လူအကြပ်ဆုံးအချိန်မှာ မောင်းချလာတာ စစ်ခွေးကားလေ။ အရှိန် လုံးဝ မလျှော့ဘူးနော်။ မရှောင်တဲ့သူ အကုန်ကြိတ်မယ်ဆိုတဲ့အထာ။ နောက်ခန်းမှာ ပါလာတဲ့ မင်းအောင်လှိုင်ကျွန် စစ်ခွေးလေးကောင်ဟာ လက်ထဲမှာ ပြည်သူ့ဘက် ပြောင်းလှည့်ထားတဲ့ သေနတ် ကိုယ်စီနဲ့။ ကျက်သရေ တစက်မှမရှိတဲ့ မျက်ခွက်တွေက mask နဲ့ အုပ်ထားတာတောင် ပုပ်လှိုင်သိုးချိတ်နေကြောင်း ထင်ရှားလွန်းတယ်။ ကိုယ့်ထမင်းကိုယ်ရှာစားနေတဲ့ ကျွန်မတို့တတွေဟာ အချိန်မရွေးပစ်သတ်သွားနိုင်တဲ့ ရန်သူကို လက်တကမ်းမှာထားပြီး အံကြိတ်နေကြရတယ်။ အဲ့ဒါ စစ်တပ်တဲ့။ တိုင်းပြည်ရဲ့ စစ်တပ်။ တိုင်းပြည်ရဲ့ရန်ကို ကာကွယ်ဖို့၊ တိုင်းပြည်ကို စောင့်ရှောက်ဖို့၊ တိုင်းပြည်အတွက် ဖွဲ့စည်းထားတဲ့ စစ်တပ်တဲ့။

သင်းတို့ကား ဖြတ်သွားပြီးနောက်မှာ ဈေးသည် ဈေးဝယ်တွေဆီက ဆဲဆိုကျိန်တိုက်သံတွေ ပွစိတက်အောင် ထွက်လာတာပေါ့။ ကျွန်မလည်း ဈေးထဲဆက်မလျှောက်နိုင်တော့လို့ ဝယ်စရာမစုံဘဲ အိမ်ပြန်လှည့်ခဲ့ရတယ်။

မြို့ပြမှာနေပြီး အိမ်လည်း မီးမလောင်သေး၊ ထမင်းလည်း မငတ်သေး၊ အင်တာနက်သုံးပြီး ဝမ်းရေးလည်း သင့်တင့်အောင် ရှင်သန်နေနိုင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်မရင်ထဲက အနာက အညာက မီးတောက်တွေလိုပဲ။ အဲ့ဒီယူနီဖောင်း မြင်ရင်ကို ရင်ထဲကအနာဟာ လှိုက်တက်နေတော့တာ။

အသက်ရှုနိုင်သေးတဲ့ နေ့တိုင်း ညတိုင်း အလေးအနက် ကျိန်ဆိုတယ်။

တိုင်းပြည်နဲ့ လူထုအပေါ် နှိပ်စက်ရမ်းကားနေတဲ့ အာဏာရူး နောက်လိုက် စစ်ခွေး ကျွန်ကောင် သန္ဓေယုတ်မျိုးယုတ်တွေ၊ ဗိုက်ထဲက ကလေးပါမကျန် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အသေဆိုးနဲ့ သေကြပါစေ။

#Khaing