မျက်နှာချင်းများ ဆိုင်ခွင့်ရရင်လေ.....
တန်ဖိုးကြီးတဲ့အရာတွေ ပိုင်ဆိုင်ထားပြီးပါလျက် အတော မသတ် လောဘတက်ရတာ ပျော်သလားလို့ မေးမှာ။
အကောင်းဆုံး ဆိုတာတွေ ပိုင်ဆိုင်ထားပါလျက် ပုန်းလျိုးကွယ်လျိုး ရှင်သန်ရတာ ပျော်သလားလို့ မေးမှာ။
လူပီပီသသ တန်ဖိုးရှိစွာ ရှင်သန်နိုင်ပါလျက် အလိမ်အညာ မုသားတွေနဲ့ ရှောင်တိမ်း ပြေးပုန်းနေရတာ ပျော်သလားလို့ မေးမှာ။
လူတော မတိုးတော့တဲ့သူ
လူတွေကြား မနေရဲတော့တဲ့သူ
လူတွေနဲ့တူတူ ရယ်မောခွင့် မရှိတော့တဲ့သူ
မဟုတ်ဘူး
ဘယ်သူမှ မရှိတဲ့ အရပ်၊ အိပ်မက်ထဲမှာတောင် မရယ်ရဲတော့တဲ့သူ ဖြစ်သွားရတာ ပျော်သလားလို့ မေးမှာ။
#khaing 🌻
25th Feb 2021
Мне нравится
Комментарий
Перепост

