ကြွေကျကုန်တဲ့ သစ်ရွက်တွေကို
ဝတ်ရုံ ချုပ်ပြီး ငါ လာခဲ့မှာ ။

မင်းဆီ ရောက်တဲ့ အခါ
ငါက သစ်ပင်ဖြစ်နေမှာ ။

မင့် ပြတင်းပေါက် နားမှာ
ငုံ့ ကိုင်း ပြီး စောင့်နေမှာ ။

လေတွေ လာတဲ့ အခါ
မင့် ပြတင်းတံခါးကို တဒေါက်ဒေါက် ခေါက်နေမှာ။

နွေဦး ရောက်တဲ့အခါ ..
ဥဩငှက်တွေကို အလည်ခေါ်မှာ။

မိုးဦးကျတဲ့ အခါ
ခို ကျန်ခဲ့တဲ့ ရေစက်တွေနဲ့ အဖော်ဖြစ်ပေးမှာ။

ဆောင်းဦးချိန်ခါမှာ ..
ရိုးတံတွေရဲ့ မျှော်လင့်စိတ်ကို ပေးမှာ။


ငါက ဇွဲကြီးတဲ့ သစ်ပင် ပါ ။

အဆင်မပြေမှုကို မင်းထက် ပိုပြီး မြိုချနိုင်သူပါ

* အချစ်ကလေးရဲ့ ,,

ဘယ်လို ပျော်ရွှင်မှုမျိုးနဲ့ ဆို

မင်းကို ဝယ် လို့ ရ မ လဲ .. *


Crd - မြကျေး