တွေးစရာ များတဲ့လူ့လောက
အဆွေးကဗျာတွေနား ပျံကာဝဲမိတော့
Depression ဟာ Fashion ဖြစ်လို့လာခဲ့တယ်။
ဖတ်ဖူးတဲ့စာတစ်ပုဒ်ကတော့ ပြောလေရဲ့၊
လောကဓံက မမျှတဘူး ဆိုသူတိုင်း
နာကျင်စရာတွေ လာစုပုံခိုင်းပြီး
အချိုးကျ ပြန်ခွဲယူမလား မေးကြည့်
ငြင်းကြတာချည့်ပဲတဲ့။
ဘယ်သူမှ မလိုချင်တဲ့ ဒုက္ခတရား
ယနေ့ခေတ် လူငယ်တချို့ကြားမှာ
Fashion ဖြစ်လို့နေတုန်း။
#Khaing🌻.
#စာဖတ်သူများ
#dec2020
Мне нравится
Комментарий
Перепост

