ခေတ်ဆိုးခေတ်ပျက်ကြီးမှာလေ....
ကိုယ့်ထက်နာကျင်နေရသူတွေချည့်ပဲဆိုတာ သိပါရဲ့
ကိုယ့်ဒုက္ခက သေးသေးလေးထက် ပိုပြီးသေးမှန်းလည်း သိပါရဲ့
ကိုယ့်နာကျင်မှုတွေက ဆေးကုရင် ပျောက်မယ်မှန်းလည်း သိပါရဲ့
ကိုယ်ဟာ ဘာမှ မဟုတ်
လမ်းဖောက်သူတွေရှိတုန်း ခရီးကြုံလိုက်အဆင့်ဆိုတာလည်း သိပါရဲ့
သိပါလျက်နဲ့ တခါခါ ငိုညည်းမိတဲ့အခါ
သူများတွေ ဒီ့ထက်ဆိုးတယ် ဆိုတဲ့စကားကြားရင် နေစရာမရအောင် ရှက်လှပါရဲ့။
လှေကြုံစီးသူမို့ မနီးသေးဘူးလားလို့ ညည်းဖို့ရာလည်း ဝန်လေးပါတယ်။
ခံနိုင်ရည် မရှိပါလားလို့ ကိုယ့်ကိုယ်ကိုယ် မြင်လာတဲ့တနေ့
အရင်နေရာဆီ တရွေ့ ရွေ့...။
#khaing 🌻
Like
Comment
Share

