Inner Circle
=+=+=+=

အလိုက်သိခြင်းထက် ပိုနေရတဲ့ မျိုသိပ်မှုတွေ ကင်းတယ်။ ခံစားရသမျှ စိတ်ရဲ့အခြေအနေအတိုင်း ဟန်ဆောင်စရာ မလိုဘဲ၊ တကူးတက ဖုံးကွယ် သိုဝှက်ထားစရာ မလိုဘဲ အရှိအတိုင်း ပြုမူဆက်ဆံလို့ရတယ်။ ပျော်လို့ရတယ်၊ ငိုလို့ရတယ်။ ကိုယ်က အမှားလုပ်မိရင် သူ ငြိုငြင်သွားမလား စိတ်ဆိုးသွားမလား အလွန်အမင်း စိုးရိမ်စရာမလိုသလို၊ ကိုယ့်အပေါ် အမှားလုပ်ရင်လည်း သူတမင်လုပ်တာမှ မဟုတ်ဘဲ ဆိုတဲ့အသိနဲ့ အချိန်မနှောင်းခင် ပြေလည်နေတတ်တယ်။ တယောက်လုပ်သမျှ တယောက်က ထောက်ခံနေတာချည့်မျိုး မဟုတ်ဘဲ မတူကွဲပြားခြင်းတွေကြားမှာ အတူတူ ရှင်သန်တယ်။ တယောက်ကိုတယောက် လမ်းမစောင်းအောင် သတိပေးတယ်။ တယောက်ရဲ့ ကိုယ်ရေးကိုယ်တာ တယောက်က ထိန်းသိမ်းတယ်။ အချင်းချင်းကြားမှာ ပြောလိုက်တဲ့စကားရဲ့ အဓိပ္ပာယ်တိုင်းကို ပြန်ရှင်းပြစရာ မလိုဘဲ သိနားလည်နေမယ်။

အဲ့လို ဆက်ဆံရေးမျိုးကို Inner Circle လို့ သတ်မှတ်နိုင်ပါတယ်။

#khaing 🌻