❝ မိတ်တဗလ ဋီကာ ❞
(၁) ပြုံးပါ။
(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။
(၃) တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။
(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။
(၅) မိမိ အမှားကို လျှင်လျှင်မြန်မြန် လေးလေးနက်နက် ၀န်ခံပါ။
(၆) ချိုချို သာသာနှင့် စကား စ,ပြောပါ။
(၇) တစ်ဖက်သားကို အလျှင်အမြန် "အင်း" လိုက်အောင် ကြိုးစားပါ။
(၈) တစ်ဖက်သားကို သူပြောချင်တာ ဝအောင် ပြောပါစေ။ ဂရုတစိုက်နှင့် နားထောင်ပါ။
(၉) တစ်ဖက်သားအား ပေးချင်သောအကြံသည် သူ၏ အကြံသာ ဖြစ်သည်ဟု အထင်ရောက်ပါစေ။
(၁၀) ကိုယ်ချင်းစာတတ်အောင် ကြိုးစားပါ။
(၁၁) ရိုးသားစွာ ချီးကျူးပါ။ (ရက်ရက်ရောရော ရှိပါစေ)
(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား လိုရင်းကိစ္စပြီးစီးစေမည့် မေးခွန်းများမေးပါ။
(၁၃) တစ်ဖက်သားကို အပြစ်မပြောမီ သင်၏ အမှားများကို ဖော်ပြပါ။
(၁၄) သင်လုပ်စေချင်သော အလုပ်ကို တစ်ဖက်သားအား ဝမ်းမြောက် ဝမ်းသာစွာနှင့် လုပ်ချင်အောင် ခိုင်းပါ။
(၁၅) အခြားသူများပေါ်တွင် အဟုတ်အဟတ် စိတ်ဝင်စားပါ။
(၁၆) မိမိ မိတ်ဆွေတို့ ၏ နာမည်များကို မှတ်သားထားပါ။
(၁၇) တစ်ဖက်သားအား သူ့ကိုယ်ကိုသူ အထင်ကြီးလာအောင် လုပ်ပေးပါ။
(၁၈) စေတနာဖြင့် ချီးကျူးရန် မမေ့ပါနှင့်။
(၁၉) တစ်ဖက်သားကို ကြင်နာယုယပါ။ (ရိုသေလေးစားပါ)
(၂၀) တစ်ဖက်သားဘက်မှ နေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။
(၂၁) မိမိ ကိုယ်ကို နှိမ့်ချစွာ ပြောဆိုတက်ပါစေ။
(၂၂) "အကြင်သူသည် ဤကိစ္စကိုဆောင်ရွက်နိုင်အံ့၊ ထိုသူ၏ နောက်သို့ တစ်ကမ္ဘာလုံး လိုက်အံ့။ အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊ ထိုသူသည် တစ်ယောက်တည်းနေရအံ့။ ''
အထက်ပါ စာကြောင်းလေးများသည် အကျဉ်းချုပ်၍သာ ရေးသားထားခြင်း ဖြစ်ပါသည်။
ဦးနု
မိတ္တဗလဋီကာ

