လူ့အဖြစ်တွင် တွေ့ဆုံဖို့နှင့် ခွဲခွာဖို့ နှစ်ခုသာရှိပါသည်

ပန်းများကတော့ အမြဲရှိနေသည်

ကျွန်မတို့ မတိုင်ခင်ကလည်း ရှိခဲ့သည်

ကျွန်မတို့ ထွက်ခွာသွားတော့လည်း ရှိနေအုန်းမည်

ထို့ကြောင့် စက္ကူပန်းလေးကို ကျွန်မချစ်ခဲ့သည်

ကမ္ဘာမြေကို ကျေးဇူးတင်သောအားဖြင့်

လူ့အဖြစ်၏ အမြတ်တရားတစ်ခုအဖြစ်

စက္ကူပန်းလေးကို ချစ်ခဲ့သည်

သူလည်း ကျွန်မကို ချစ်သည် ထင်ပါသည် ......

#crd - မြကျေး