တစ်ခါတစ်လေ
ကိုယ့်လူတွေကပဲသွေးခွဖဲနေသလိုဖြစ်နေတယ်။
အညာအတွက်ရင်နာတာ လူသားဆန်တဲ့သူတိုင်း တော်လှန်ပြည်သူတိုင်းပါ။
ဒါပေမယ့်
မြို့ပြနဲ့ အညာဆိုပြီးခွဲတာမျိုး
တိုင်းရင်းသားနယ်မြေနဲ့ မြို့ပြဆို​ပြီး
ခွဲခြားတာမျိုးတွေက
ဖတ်နေရတာအဆင်မပြေဘူး
ပိုဆိုးတာက
ရေးတဲ့သူတွေက မြို့ပြမှာနေတဲ့သူတွေ
ဘာလဲ အဲ့လိုဂေးပြ share ပြလိုက်မှ
နည်းနည်းလေး ငါကတော့ကိုယ်ချင်းစာပါတယ်ဆိုပြီးခံစားရလို့လား
တကယ်ကြည့်လိုက်လို့
အပြစ်တင်စကားပါတဲ့ post တွေတင်တာ မြို့ပြကလူချည်းပဲ
တိုင်းရင်းသားတွေလည်းအဲ့လိုမဟုတ်ဘူး မြေပြင်ကလူကဆိုတောင် အာဏာသိမ်းမှအဲ့ဘက်ရောက်သွားတဲ့သူတွေ
ဗမာဆိုတာလည်းတိုင်းရင်းသားပါပဲဟ
ပြည်ထောင်စုမပြိုကွဲရေးစိတ်ဓာတ်ရှိတာလဲမဝုတ်ဘူး
တိုင်းရင်းသားတွေ သူတို့ကြိုက်တဲ့သူတင် ကိစ္စမရှိဘူး ကိုယ်နဲ့ဆိုဘာမှလည်း မဆိုင်ဘူး

ဒါပေမယ့်
နာကျင်နေရတာချင်းတူတူ
သူတို့ကပြန်ဆူနေတော့ စိတ်ပိုညစ်မိတယ်

ဒိလိုပြောလို့ မြို့ပြမှာနေတဲ့သူတွေတိုင်းတာဝန်ကျေလားဆိုလည်း
မကျေဘူးနော်
အဲ့လိုပဲ ဆူနေရင်လည်း သူတို့မသိဘူး

တကယ်ခံစားရတဲ့သူတွေကပဲ
မအေးနှစ်ခါနာဖြစ်ရတာ