ဆန္ဒ
=+=
နောင်ဘဝဆိုတာ ထပ်ရှိသေးရင်
သစ်ရွက်ကလေးဖြစ်ချင်တယ်။
အမိသစ်ပင်မှာ ယီးလေးခိုပြီး
မိုးစိုစိုမှာ ရေဆော့မယ်
နေသာတဲ့အခါ အရိပ်ဖြစ်စေမယ်
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေမြိုချပြီး
အောက်ဆီဂျင်တွေ ဖြန့်ကြဲပစ်မယ်
သက်တမ်းကုန်လို့ ကြွေကျရတဲ့အခါ
အမိသစ်ပင်ခြေရင်း သြဇာအဖြစ်ဆင်းနိုင်ရင်ဆင်းမယ်
လေကြမ်းခေါ်ဆောင်လို့ တော်ရာဆီလွင့်ချင်လည်းလွင့်မယ်
အဲသည်အချိန်မှာ
မြေဆီမြေနှစ်ဖြစ်ပေးခွင့်လည်း ရချင်ရမယ်
အမှိုက်ဆိုပြီး မီးမြှိုက်ပစ်တာမျိုးလည်း ကြုံရနိုင်တယ်။
ကိစ္စ မရှိပါ
နှလုံးသားမပါတဲ့ သစ်ရွက်ကလေးရဲ့ သွေးကြောတွေက နာကျင်မှုကို သိမှ မသိတာ ။ ။
#khaing 🍁
Like
Comment
Share

