❗❗(အရေးကြီး)
အသင့်အနေအထား ရှိကြပါ ရဲဘော်တို့။

နိူးနိူးကြားကြားနဲ့ စစ်ရေးသတိ အမြဲရှိနေဖို့ လိုအပ်လာပါပြီ။

🔺 မိုးဗြဲ ၊လွိုင်ကော်မှာ စကစ အင်အား အတော်စုထားပြီ။
ကားလမ်းမတလျှောက် အေးအေးလူလူနဲ့ အင်အား၊လက်နက်ခဲယမ်းများကို ညအချိန် ဖြည့်တင်းထားနေခဲ့ပါတယ်။

🔺 လွိုင်ကော်ကနေ - (၆)မိုင် ၊ဒီမော့ဆိုကို တင့်ကားအပါ ၊အင်အားတွေ ပေးပို့ထားပြီး။

🔺 ဖရူဆိုဖက်ကို စစ်ရဟက်ယာဉ်နဲ့ အင်အား ၊လက်နက်ခဲယမ်း အဆက်မပြတ်ပို့ဆောင်ထားခဲ့ပြီး၊
ဖရူဆိုဖက် တကြောကို စကစ စစ်ကြောင်းထိုးနေပါတယ်။

🔺ဘောလခဲ ၊ဖားဆောင်း ဖက်က စကစတပ်တွေမှာ အသင့်အနေအထား စစ်ရေးပြင်ဆင်ထားပြီး။
နယ်မြေလှုပ်ရှားမှုရှိ။

🔺ကရင်နီ /ကယားရဲ့ အနောက်ဘက်တံခါးမှာ အင်အား(၄၀၀)ခန့် အသင့်အနေအထားရှိနေပြီး နယ်ခံအဖွဲ့အစည်းနဲ့ ညှိနှိုင်းနေ၊
အကယ်၍ ဖြတ်သန်းခွင့်ရပါက နယ်မြေရှင်းလင်းရေးအနေနဲ့ အနောက်ဖက်ကြောကနေ ဝင်လာနိုင်။

ခြုံပြီးကြည့်ရင် ကရင်နီပြည်နယ်ကို အလုံးအရင်းနဲ့ စစ်ကြောင်းအဖက်ဖက်ကနေ ဝိုင်းပြီး ထိုးဖို့ရှိပါမယ်။

တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုများ သတိအနေအထားနဲ့ စုစည်းပြီး စည်းစည်းလုံးလုံးနဲ့ အသင့်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

#jfk
#karenni_kayah
#pekhon
မကြာခင်ပွဲကြီးတွေဆင်နွှဲရတော့မှာဖြစ်တာကြောင့်ပိုကလစ်ထားပေးကြပါဗျာ။