မြန်မာလူမျိုးတွေ ဆင်းရဲနေတာ ဒီအချက် (၃၇) ချက် ကြောင့်ပါ။

ဖော်ပြထားတဲ့ အချက်တွေ တကယ် မှန်၊ မမှန် ဖတ်ကြည့်လိုက်ပါဦး ခင်ဗျာ-

အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမူတွေလည်းလိုတယ်ဆိုရင်မှားမယ်မထင်။

၁။ မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ်ဘူး။

၂။ ဘေးကနေ သွေးခွဲရ လွယ်တယ်။

၃။ မနာလိုစိတ် များတယ်။

၄။ အချင်းချင်းထဲ ကိုယ့်ထက် သာသွားမှာ မလိုလားဘူး။ သာရင် လည်း မနာလိုဘူး။

၅။ သူများကို ချီးကျူးရင် မကြိုက်ဘူး။ ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူး စေချင်တယ်။

၆။ မုဒိတာ မပွါးနိုင်ဘူး။

၇။ ကြိုးစားရမယ့် နေရာတွေမှာ တက်တက်ကြွကြွ မရှိဘူး။

၈။ သူများမလုပ်ရင် မလုပ်ချင်ဘူး။

၉။ အချောင်ခို ချင်တယ်။

၁၀။ ပိုက်ဆံရရင် အဖြုန်းများတယ်။ ဘာဝယ်ရင် ကောင်းမလဲ စဉ်းစားတယ်။

၁၁။ ကိုယ်နဲ့ အသုံးတည့်တည့် မတည့်တည့် သူများ ဝယ်ရင် လိုက်ဝယ် ချင်တယ်။

၁၂။ စီးပွားရေးလုပ်ရမှာ ကြောက်တယ်။

၁၃။ ရေရှည် အကျိုးစီးပွါးကို မမျှော်ကိုးတတ်ဘူး။

၁၄။ ပုံမှန်သေချာရတဲ့ ငွေကို ပိုမက်တယ်။ ဝန်ထမ်း ပိုလုပ်ချင်တယ်။

၁၅။ အတွေးအခေါ်ပိုင်းမှာ တီထွင် ကြံဆမှု နည်းတယ်။

၁၆။ မိရိုးဖလာ အတွေးအခေါ်ကို မပယ်နိုင်ဘူး။

၁၇။ အများ လုပ်တာပဲ စောင့်ပြီး တစ်နိုင်ငံလုံး ဝိုင်းလုပ် တတ်တယ်။ ဒါကြောင့် ရေရှည်မခံဘူး။

၁၈။ ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးမှာ အားနည်းတယ်။

၁၉။ ဗဟုသုတ လေ့လာဖို့ အားနည်းတယ်။ စိတ်မဝင်စားဘူး။

၂၀။ ဝေဖန်တာကို အားသန်ပြီး လက်တွေ့ကျကျ ဆောင်ရွက်မှု အားနည်းတယ်။

၂၁။ အကြံပြုတာ ကောင်းပြီး တကယ့် စီမံခန့်ခွဲဖို့ကျ ညံ့တယ်။

၂၂။ ပုတ်ခတ်ရတာကို မတရား ကြိုက်တယ်။

၂၃။ ကိုယ်ကျရှုံးတိုင်း သူများလည်း ကျရှုံးရမယ်ဆိုတဲ့ အမြင် ရှိတယ်။

၂၄။ ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်။

၂၅။ မအောင်မြင် ရင် ကံကို ပုံချတယ်။

၂၆။ ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံ တစ်ခုတည်းနဲ့ အရာတော်တော် များများ ကို တဖက်သတ် သုံးသပ်တယ်။

၂၇။ ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရား ရှုတ်ချတယ်။

၂၈။ ဘုရား ရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်း လာရင် အခွင့်အလမ်း မှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်။

၂၉။ ပုံမှန် ဘဝ ထဲမှာ ခပ်ပျော်ပျော် နေတယ်။

၃၀။ ကိုယ့်အကြောင်း ထက် သူများအကြောင်းကို ပိုပြီး စိတ်ဝင်စားတယ်။

၃၁။ လေကန်ပြီး အချိန်ဖြုန်းတာ များတယ်။

၃၂။ ပိုက်ဆံတော့ ရှိပါရဲ့။ တိုးပွါးအောင် လုပ် ဖို့ စိတ်ကူး နည်းတယ်။

၃၃။ ပိုက်ဆံကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။ အကျိုး ရှိအောင် မရင်းနှီးတတ်ဘူး။

၃၄။ ဘဝမှာ ပိုက်ဆံတစ်ခုပဲ ရှိအောင် လုပ် တယ်။

၃၅။ အောင်မြင် ကျော်ကြားဖို့၊ အများအတွက် ဆောင်ရွက်ဖို့ စိတ် မဝင်စားဘူး။

၃၆။ ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး။

၃၇။ ပညာရှင် တွေကလည်း ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး။ လူတော်တွေ ပေါ်ထွက် လာအောင် မမွေးမြူချင်ဘူး။

“အဲဒါတွေက ဆင်းရဲစေတာပါပဲ”

#crd to original writer
#မူရင်းရေးသားသောသူအားလေးစားစွာဖြင့်