စစ်သည်များရောင့်ရဲတင်းတိမ်၊ ရိုးသားကြိုးစား၊ ဝင်ငွေနှင့်ထွက်ငွေမျှတအောင်နေကြရန် အကြမ်းဖက်စစ်ခေါင်းဆောင် တိုက်တွန်းသတဲ့။

ဒါဟာ ဦးနှောက် ဆေးခြင်းရဲ့ အစပဲ။ ပြည်သူအတွက် အနစ်နာခံရသောသူများ၊ အနေအစား ဆင်းရဲစွာနဲ့ စည်းကမ်း တကျ ရှင်သန်ရသူများပေါ့။ အမိန့်ဟူသမျှ မငြင်းရဲအောင် အငုံ့စိတ် ရိုက်သွင်းပြီး တဘက်မှာတော့ ပြည်သူတွေအတွက် သူတို့က ဂုဏ်ပြုထိုက်သူကြီးတွေ။

လွတ်လပ်မှုနဲ့ လူ့အခွင့်ရေးကို မသိတဲ့ လူဟာ လွတ်လပ်မှု မရှိတဲ့ဘဝကိုပဲ နေသားကျလာတယ်။ လူ့အခွင့်ရေး ဆုံးရှုံးနေတာကို မမြင်ဘဲ ကိုယ့်ကိုယ်ကိုယ် လောကကြီးအတွက် အနစ်နာခံသူတွေလို ထင်လာကြတယ်။ ဘာအတွက် အနစ်နာခံရသလဲ သူတို့ မတွေးတတ်ကြတော့ဘူး။ တွေးသင့်တယ်လို့တောင် မသိကြတော့ဘူး။ အဲ့လို အခြေနေမှာ လူသတ်လက်နက် ကိုင်ခွင့်ရတဲ့အခါ သူတို့ကိုယ်သူတို့ မတရားတွေ အထင်ကြီးကုန်ကြရော။

လူတွေရဲ့ စိတ်ကို အညွတ်နူးနိုင်ဆုံး အရာဟာ

မင်းကအနစ်နာခံတဲ့သူပါ

ဆိုတဲ့ စကားပဲ။ ဒါကို အဟုတ်ကြီးမှတ်ပြီး လိုက်မျောကြတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ သူရဲကောင်းကြီးတွေလို မြင်လာကြပြီ။ ပြည်သူကလက်မခံ ဆန့်ကျင်လာတဲ့အခါ ပြည်သူကို ရန်လိုဖို့အပြင် တခြားမတွေးတတ်ကြတော့ဘူး။

ဂျပုက လူသာပုတာ လူပိန်းထိန်းနည်းကျမ်းတော့ ကြေပုံရတယ်။ အာဏာရူး အစဥ်အဆက် လက်ဆင့်ကမ်းလာတဲ့ ပညာရပ်ဆိုတော့လည်း ရိုးပေမဲ့ အသုံးတည့်နေသေးတာပေါ့လေ။

သည်လိုပါပဲ၊ လူတချို့တွေဟာ ဦးနှောက်ကို အလုပ်ပေးပြီး အကျိုးအကြောင်း မြင်အောင် တွေးကြည့်ဖို့ထက် အလွယ်တကူ ခေါင်းငြိမ့်လိုက်ရတာကိုပဲ အားသန်တတ်ကြတယ်။

ဒါကယနေ့အထိ မိုက်တွင်းနက်နေဆဲလူအချို့ကို ပြောတာပါ။ ပြည်သူ့ဘက် ရပ်တည်တဲ့သူတွေကို မရည်ရွယ်ဘူး။

ပြည်သူ့ဘက် ရပ်တည်သူတွေမှာတောင် ပြည်သူ့ရင်ခွင် ခုံလှုံပြီး ပြည်သူ့ဆီက လုံခြုံရေး ရချင်သူနဲ့ ပြည်သူကို ရင်ခွင်ထဲ ထည့်ပြီး ပြည်သူအတွက် တိုက်ပေးတဲ့သူ ကွာသေးတယ်။

စွန့်စားရတဲ့ အလုပ်ကို ရွေးခဲ့ကြပြီး တကယ်တမ်း စွန့်စားစရာလည်း ကြုံရော ကျွန်တော်တို့ဘဝတွေက ပိုခက်ပါတယ်တဲ့။

သြော် အေး. . . . . . .။

#khaing 🌻
Sept 19, 2021