#ရဲဘော်တစ်ယောက်ယောက်ကျမှ
အလှူငွေထည့်မယ် စိတ်ကူးမိတဲ့အခါ
အဲ့ဒီငွေကြေးကို ဟော့ပေါ့ဝယ်စားလိုက်ပါ။

ကျွန်တော်တို့ဟာ ခင်ဗျားတို့အတွက်
အသက် မပေးခဲ့ပါဘူး။

ကျွန်တော်တို့ အနာဂါတ်အတွက်
ကျွန်တော်တို့ တော်လှန်လူထုအတွက်ပဲ
အသက်ပေးခဲ့တာပါ။

ခင်ဗျားတို့အတွက် သေခဲ့တာ မဟုတ်လို့
ဝမ်းနည်း မပေးကြပါနဲ့။

အသက်ပေးပြီး ဇာတ်နာပြမှ
တော်လှန်ရေးကို အမှတ်လာရတဲ့
ခင်ဗျားတို့အတွက်
ကျွန်တော်အသက် မပေးပါဘူး။

မရှက်ကြပါနဲ့...
လုံးဝ လုံးဝ မရှက်ကြပါနဲ့....။

#ရဲဘော်တွေသေခဲ့ပြီးပြီ
#ရဲဘော်တွေသေနေကြသည်
#ရဲဘော်တွေသေရအုံးမည်
#ခင်ဗျားတို့လုံးဝမရှက်ကြပါနဲ့

သာမှ နေချင်တဲ့ ခင်ဗျားတို့က
ရဲဘော်တွေ သေမှ နာကြတဲ့အခါ
ကျွန်တော်တို့ တော်လှန်ရေးကို
အကြိမ်ကြိမ်အခါခါ
မေးခွန်းပြန်ထုတ်မိပါတယ်။

ခင်ဗျားတို့
လှူဖို့ မေ့ထားတဲ့ ကျည်တစ်တောင့်ကပဲ
ကျွန်တော်တို့ကို သ-တ်လိုက်တယ်။
ဝမ်းမနည်းပါနဲ့......။

ကိုယ်ကမစွမ်းတဲ့ခါထိုင်ကြည့်နေရတာရင်နာမဆုံးပေါ့။

ပုံကူယူခွင့်မပြု

image