တကယ်လို့ ကျုပ်တို့ရဲ့လူ့အဖွဲ့အစည်းဟာ သူပုန်တွေကို မမွေးထုတ်ပေးနိူင်ရင်၊ သူပုန်ထတဲ့ဝိညာဉ်ကို မထည့်ပေးနိူင်ရင် ကျုပ်တို့လူ့အဖွဲ့အစည်းရဲ့နောက်ဆုံးနေ့ရက်တွေ ရောက်လာလိမ့်မယ်။
ဒီရာစုဟာ ကျုပ်တို့ရဲ့သင်္ချိုင်းမြေဖြစ်သွားနိူင်တယ်။
ကျုပ်တို့ရဲ့သတိတရားကို ပြောင်းလဲပစ်ရမယ်။
ချစ်ခြင်းတရားကို ပိုပြီးမွေးမြူပေးရမယ်။
လူအိုတွေနဲ့ သူတို့ရဲ့အကျည်းတန်မှုကို သုတ်သင်ပစ်ရမယ်။
ပုပ်သိုးနေတဲ့ အတွေးအခေါ်တွေ၊ အသုံးမကျတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ မိုက်မဲတဲ့အယူသီးမှုတွေကို မြေလှန်ပစ်ရမယ်။
အဲ့ဒီနောက်မှာ တန်ဖိုးသစ်နဲ့ လူသားသစ်ကို ဖန်တီးရမယ်။
ရှင်သန်တောက်ပနေတဲ့ မျက်လုံးနဲ့ လူသားသစ်၊ အတိတ်နဲ့ အဆက်ဖြတ်မယ့် လူသားသစ်ကို ကျုပ်တို့ဖန်တီးရမယ်။
ဒါဟာ သူပုန်ထခြင်းရဲ့အဓိပ္ပါယ်ပဲဖြစ်တယ်။
#osho
Suka
Komentar
Membagikan

