ခရီး
===

သံသရာရဲ့ မျက်စိတဆုံး
အဆက် အထုံး များစွာ။

ဘဝမျက်နှာပြင် မှန်တချပ်
ကွဲအက် ပိုင်းစ များစွာ။

ယိုင်နဲ့နဲ့ ခြေအစုံ အောက်က
အေးမြခြင်း ကင်းတဲ့ ကန္တာရ။

လေနီကြမ်း ရမ်းလို့မွှေစဥ်မှာ
ပြယ်ရှာပေါ့ လျှောက်ခဲ့တဲ့ ခြေရာ။

#khaing 🌻
March 14, 2021