မအလ စာမေးပွဲ ဖြေဖို့ စာကျက်နေကြတဲ့
အဖေ့အမျိုးတွေကြား
ကိုယ့်ရဲ့ စာမေးပွဲရက်ကို ခန့်မှန်းပြီး
ကာဗာပေးနေတဲ့ အမေ့ကိုကြည့်ပြီး
အားနာမိတယ်
ဒါပေမယ့်
ကာကွယ်ပေးစရာသားသမီးမရှိတော့တဲ့အမေတွေ
ကာကွယ်မပေးနိုင်တဲ့အခြေအနေရောက်နေတဲ့အမေတွေအတွက်
အိမ်ကအမေရဲ့သောကကို
မျက်ကွယ်ပြုရပါဦးမယ်

တစ်ခါတစ်လေတော့လည်း
အားပေးမယ့်အမေကို လိုချင်မိသား