တို့နှစ်ယောက်လုံး အက်ရာတွေ များတယ်

ဘယ်အရာကိုမှ ဒေါင်လိုက်မဖြတ်နဲ့

ပြုတ်ကျဖို့ လက်တစ်လုံးအလိုတွေဆီ မသွားနဲ့

ရှင့်ဒဏ်ရာလည်း ကျွန်မဒဏ်ရာပဲ

ကျွန်မနာကျင်မှုလည်း ရှင့်နာကျင်မှုပဲ

ဘာဖြစ်ဖြစ် တစ်ဝက်ပေး

ဘယ်သွားသွား ကျွန်မကိုခေါ်

မပျော်တာ အန္တရာယ်ရှိသလို

ပျော်တာလည်း အန္တရာယ်ကြီးတယ်

ဘာကိုမှ မယုံတော့ရင် ကျွန်မကို ကြည့်

ကျွန်မ ရှိသေးတာကို ကြည့်

တိမ်တွေဆီ သွားမယ်

ရှင့်ပုခုံးစွန်းလေးကို နမ်းမယ်

လမ်းဟာ အရေးကြီးတယ်

ကျွန်မ လက်ကို မလွှတ်နဲ့ …….

#မြကျေး