အေးအေးချမ်းချမ်းနဲ့
တိတ်တိတ်ဆိတ်ဆိတ်ပဲနေထိုင်ချင်တယ်။
သောကနဲ့ဝေးရာ
လူတွေရဲ့ဝေးရာမှာပဲ ပုံမှန်လေးရှင်သန်ချင်တယ်။
ဂုဏ်တွေဒြပ်တွေနဲ့ဝေးတဲ့တစ်နေရာတစ်ခုမှာ
စစ်မှန်သောမေတ္တာတရားရှိတဲ့ဘက်မှာဘဲ ဘဝကိုအခြေချချင်တယ်။
ဆူညံ့မှုတွေမရှိရဘူး
လောဘတွေမရှိရဘူး
မာနတွေမရှိရဘူး
ဒေါသတွေမရှိရဘူး
ဖောက်ပြန်ခြင်းတွေမရှိရဘူး
မေတ္တာတရားတွေပဲရှိရမယ်။
လက်တွေ့ဆန်ဆန်ပါပဲ
ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းပြီး
လူတစ်ယောက်ကိုပဲ တစ်သက်လုံး
အေးအေးချမ်းချမ်း ချစ်သွားချင်တော့သည်။
#ဖားစည်ရည်ကျော်
၁၆.၅.၂၀၂၃
پسند
تبصرہ
بانٹیں

