ဘာလို့ ဆင်းရဲသွားကြတာလဲ....?????

ပရီမီယာ ၁ထုပ် ၂၅၀ ဖြစ်သွားပြီတဲ့။
၁၀၀၀ ဖိုး အရင်က ၁၀ ထုပ်ရပေမယ့် အခု ၄ထုပ်ပဲရတော့တယ်။ အရင်က တနေ့ ၁ထုပ်ဖျော်သောက်နေရတဲ့ကော်ဖီဟာ အခုတော့ အမှုန့်တဝက် နဲ့ ကော်ဖီ တခွက်လုပ်လိုက်ရပြီ။
ငါတို့ကော်ဖီ တဝက် ဘယ်သူယူသွားတာလဲ????။

ကြက်ဥတလုံး အရင်က ၁၀၀။ အခု ၂၅၀ ၊ ၂၆၀၊ ၂၇၀ ဖြစ်သွားပြီ။ မနက်တိုင်း ထမင်းနဲ့ ကြက်ဥကြော်စားနေရတဲ့ငါ။ အခုတော့ တရက်ခြားပဲ ကြက်ဥနဲ့ စားနိုင်တော့တယ်။
ငါတို့ကြက်ဥတွေ ဘယ်သူယူသွားတာလဲ????။

ဆိုင်ကယ်လေးနဲ့ အလုပ်သွားတော့ ဆီထည့်ရဦးမယ်။ အရင်က ၁၀၀၀ ပေးရင် ဆီ ရေသန့် ၁ဗူးရတယ်။ ခု ၁၀၀၀ က ရေသန့်ဗူး ၃ပုံ ၁ပုံပဲရတော့တယ်။
ငါတို့ဆီဗူးတဝက်ကျော် ဘယ်ရောက်သွားတာလဲ???။

ဆန်ဆိုင်ရောက်တော့ စားနေကြပေါ်ဆန်းက ၄၀၀၀ နီးပါးဖြစ်သွားလို့ တဆင့်နိမ့်တဲ့ဆန်ပဲ ယူခဲ့ရတယ်။ ငါတို့ပေါ်ဆန်းဆန်ကို တခြားဆန်နဲ့ ဘယ်သူယူလဲသွားတာလဲ?????။

ပဲဆီအရင်က ၈၀၀၀ ကို ၁ပိသာရတယ်။
အခုတော့ ၅၀ သားပဲရတော့မယ်တဲ့။
ငါတို့ဆီ ၅၀ သားဘယ်ရောက်သွားတာလဲ?????။

ငါတို့က ဆင်းရဲတာကို။
ချမ်းသာတဲ့သူတွေ ကတော့ အေးဆေးပါတဲ့။
အံမယ် မထင်နဲ့တော့ ။

USA Skincare မှ သုံးတဲ့ ဟိုအမကြီးလဲ အခု
စျေးချိုတဲ့ Korea Brand တွေမွှေနှောက်ရှာနေရပြီ။

ကားကို 0 milage နဲ့ Brand New စစ်စစ် စီးချင်ပါတယ်ဆိုတဲ့ ဟိုအကိုလဲ သူ့ရှိတဲ့ကားလေးမပွန်းမပဲ့အောင် ဥစ္စာခြောက်နေရပြီ။

ကလေးဖိနပ် ၊ လွယ်အိတ်ကို BPA Free တွေ ၊ Singapore Brand တွေမှ ဝယ်ပေးတဲ့ ဟိုမေမေလဲ တရုတ်ကလာတဲ့ ရေဘူးလေးတွေ၊ အိတ်လေးတွေ
ရှာဝယ်ပေးနေပြီ။

ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ။
ငါတို့ပစ္စည်းတွေ ဘာလို့ တဆင့်နိမ့်တွေဖြစ်ကုန်တာလဲ။
ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ခံယူထားတဲ့
ငါတို့အတွက် အလုပ် အစွမ်းကုန်နှုန်းအတိုင်း
မပျင်းမရိ အလုပ်လုပ်တာတောင် ငါတို့ ဘာလို့တဖြည်းဖြည်းဆင်းရဲလာတာလဲ?????။

ငါတို့တွေဟာ ရင်ဆိုင်နေရတဲ့ နေ့စဉ်ဘဝကို
စဉ်းစားရင်း .........စဉ်းစားရင်းနဲ့........ 😥

Crd....
ဖြိုး ဆန်ရောင်းဝယ်ရေး

image