ဟိုပန်အခြေအနေကို အတွင်းကစုံစမ်းရသမျှ
မနက် ၃နာရီလောက်မှာ စဖြစ်တယ်။ စဖြစ်တာက မြောက်ပိုင်း၃ဖွဲ့က ခလရ၁၄၅ ကိုဝင်သိမ်းတယ်။ ဗိုလ်လေးတစ်ယောက်နဲ့ နောက်တစ်ယောက် စုစုပေါင်း စစ်သားနှစ်ယောက် ဘဝပြောင်းတယ်။ အရာရှိအချို့ဒဏ်ရာရတယ်။ ပျောက်ဆုံးတာ စစ်သားငါးယောက်ရှိတယ်။ အဲ့လိုတိုက်ပွဲဖြစ်တဲ့အချိန် ဟိုပန်က ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲမှာရှိတဲ့အတွက် UWSA 'ဝ'ကသူ့နယ်မြေထဲမှာ ကျည်အကျမခံဘူး။ တိုက်ပွဲအဖြစ်မခံဘူး။
ဒါကြောင့်မနက်၉နာရီလောက်မှာ ဝနဲ့ညီနောင်၃ဖွဲ့ညှိကြတယ်။ နောက်ဆုံး ဟိုပန်မှာ ဝတပ်တွေပဲထိုင်မယ် စစ်တပ်စခန်းတွေအကုန် ထွက်ပေးအောင်လုပ်မယ်ဆိုပြီး သဘောတူလိုက်တယ်။
စစ်တပ်ကအဖွဲ့တွေအကုန်လုံးကိုလည်း ဝကပဲထိန်းပြီးဘေးကင်းရာလွှတ်ပေးမယ်။ မတိုက်တော့နဲ့ဆိုပြီး ဖြစ်သွားတယ်။
အခုတော့ စစ်တပ်ကအဖွဲ့တွေအကုန်လုံးကို ဟိုပန်မှာရှိတဲ့ ခလရ ၁၄၃ ကို အကုန်ရွှေ့ထားတယ်။ ဝကပဲထိန်းထားပြီး ဘေးကင်းမယ့်နေရာလွှတ်ပေးမယ်။ လားရှိုးထိပို့ပေးမယ်လို့ သိရတယ်။ (လားရှိုးကလည်း လာမတိုက်ဖို့ ညှိနေတယ်သိရ)။ ခလရ ၁၄၃ရော ၁၄၅ ရော လက်နက်တွေအကုန်လုံး ဝဆီကို အပ်လိုက်ရပြီ။
လက်ရှိ ဟိုပန်မှာရှိသမျှ ချူးရွှေ၊ ပန်ကောက်၊ ဖာလင်၊ မောင်ခိုင် စတဲ့စခန်းတွေအကုန်လုံးအပြင် ဟိုပန်မှာပါ ဝအလံစိုက်လိုက်ပြီ။
ထူးခြားတာကတော့ ဟိုပန်ကြီးအခုအခြေအနေရောက်အောင် မြောက်ပိုင်းသုံးဖွဲ့ နဲ့ ဝနဲ့ပဲ ညှိနှိုင်းလုပ်ဆောင်သွားတာဖြစ်ပြီး စစ်တပ်ကတော့ပြုသမျှ နုသွားရတဲ့ အခြေအနေပါပဲ။ အကွက်တွေ အရမ်းလှပါတယ်။
#htetmyat

