စာဖတ်ခြင်း နှင့် ဘ၀ပုံရိပ်
=================

တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။

မေး- “ခင်ဗျား ဘာကြောင့် ဒီလို လူဆိုးဘဝ ရောက်နေရတာလဲဆိုတာ လူငယ်တွေသိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”

ဖြေ - “ကျွန်တော်လူဆိုးဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့်အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ။ ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ်၊ ကျွန်တော်လည်း စိတ်ညစ်တဲ့အတွက် အမေနဲ့ ပထွေးကို အရွဲ့တိုက်ပြီး အရက်သောက်တယ် ၊ ဖဲရိုက်တယ် ၊ ည ညတွေ အိမ်မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ်။ အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲခဲ့ကြတယ်။ ခိုး၊ လု၊ ခါးပိုက်နှိုက် ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့တာပဲဗျာ”

မေး - “ခင်ဗျား မှာ အစ်ကို တစ်ယောက် ရှိတယ်လို့ သိရတယ်။ သူကရော ဒုစရိုက်သမားပဲလား“

ဖြေ - “မဟုတ်ပါဘူး ၊ သူက အခြားမြို့မှာ တက္ကသိုလ် ပါမောက္ခ လုပ်နေပါတယ်။”

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မှတ်တမ်းတင် အရာရှိလည်း စိတ်၀င်စားသွားပြီး တက္ကသိုလ် ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်း ခဲ့ပါသည်။

မေး - “ဆရာခင်ဗျာ - အခုလို ပါမောက္ခ ဖြစ်သာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာ ယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ်“

ဖြေ - “ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့် ပါပဲ ခင်ဗျာ”

မေး - “ပေထွေးက ဘယ်လို အားပေးကူညီခဲ့လို့လဲ”

ဖြေ - “အားပေးကူညီတာ မဟုတ်ဘူးဗျ ၊ နှိပ်စက်တာ ၊ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှုးကို ပြောပြီး စာကြည့်တိုက်မှာအိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော် နဲ့ သင့်မယ့် စာအုပ်တွေကို ရွေးပြီး ဖတ်စေတယ်။

စာအုပ်တွေထဲက နေ လောကဓံကို ဘယ်လိုရင်ဆိုင်ရမယ်။ ကိုယ့်ဘ၀ကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီးကြိုးစားလိုက်တာ ခုလိုတက္ကသိုလ် ပါမောက္ခ ဖြစ်လာတာပါပဲ ခင်ဗျာ “

သင်ခန်းစာ -
ပထွေးဆိုး နဲ့ တွေ့တာခြင်း လောကဓံကို ခံရတာခြင်းတူသော်လည်း စိတ်ညစ်လို့ အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ သူနဲ့ စာဖတ်ပြီး အချိန်ကို ကောင်းစွာ အသုံးချတဲ့သူ ဘယ်လောက်ကွာခြားလဲ ဆိုတာထင်ဟပ်ပြီး ၊ စာဖတ်ခြင်းဟာ ဘ၀ အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။

=== စာဖတ်နည်း သုံးနည်း ===
၁။ မျက်စိဖြင့် စာဖတ်ခြင်း - စာအုပ်စာပေ နှင့် မြင်မြင်သမျှ ပုံရိပ်များ
၂။ နားဖြင့် ဖတ်ခြင်း - တရားနာခြင်း ၊ ဟောပြောပွဲ များ နားထောင်ခြင်း
၃။ ခြေထောက်ဖြင့် စာဖတ်ခြင်း - ဒေသန ္တရ ဗဟုသုတ ရအောင် ခရီးထွက်ခြင်း ၊ လေ့လာခြင်း

Credit to မေတ္တာရှင်ဆရာတော်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.....စာဖတ်ခြင်း၏အကျိုး(၇)မျိုး.....

၁။ ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။
၂။ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်။
၃။ မှတ်ဥာဏ်ကို တိုးမြင့်ပေးနိုင်တယ်။
၄။ ဘဝနေထိုင်နည်းကို ပိုကျန်းမာပြီး အောင်မြင်စေတယ်။
၅။ အာရုံစူးစိုက်စေတယ်။တွေးတောစေတယ်။
၆။ မသက်မသာ ခန္ဓာကိုယ်ကို ခဏတာ အာရုံလွဲစေနိုင်တယ်။ နာကျင်မှုကို ဖျေဖျောက်တယ်။
၇။ စိတ်ဓာတ်ကျ အားငယ်မှုတွေကို ကုစားပေးတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#စိတ်ကောင်းရှိဖို့ စာဖတ်ရပါသည်။
#လောကဓံကိုခံနိုင်ရည်ရှိဖို့ စာဖတ်ရပါသည်။
#စိတ်ဖိစီးမှုသက်သာဖို့ စာဖတ်ရပါသည်။
#ကိုယ်ချင်းစာစိတ်ဖြစ်လာဖို့ စာဖတ်ရပါသည်။
#လူညံ့မဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
#လူတော်လူကောင်းဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
#လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်စေချင်သည်။

Credit: Original Author #Myanmar #SocialNetwork #ShweChat #ရွှေစကားဝိုင်း

image