Wuhan pneumonia ဝူဟန် နူမိုးနီးယား
၂၄ နာရီအတွင်းက သတင်းဖြစ်ပါတယ်။ တရုပ်ပြည် အလယ်ပိုင်း ဝူဟန်မြို့က စတင်ပြီး အခု စင်္ကာပူမှာလည်း သံသယဖြစ်စရာ တွေ့ရှိလာတယ်။ ဟောင်ကောင်မှာလည်း သတိထားနေရပြီ။
ဗိုင်းရပ်စ်တမျိုးကနေဖြစ်တဲ့ရောဂါ။ ဖြစ်နေကျ မဟုတ်တဲ့ နူမိုးနီးယား။ တရုပ်ပြည်မှာ လူနာ ၄၄ ယောက်။ ၁၁ ယောက်ကဆိုးဝါးတယ်။
တရုပ်ပြည်ကစတင်တဲ့ Sars virus ဆားစ်ဗိုင်းရပ်စ်ကြောင့် ၂၀၀၂-၂၀၀၃ တုန်းက တကမ္ဘာလုံးမှာ လူ ၇၀၀ သေဆုံးခဲ့ရလို့ လူတွေက စိုးရိမ်နေကြတယ်။ ဆိုရှယ်မီဒီယာကနေ အစိုးရိမ်လွန်အောင် ရေးသားလို့ တရုပ်ပြည်မှာ ၈ ယောက်ကို အရေးယူထားတယ်။
အခုထိ လူကနေ လူကို ကူးစက်တာ မတွေ့သေးပါ။ ပင်လယ်စာလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေမှာ ကူးစက်ခံရတယ်။
၄-၁-၂၀၂၀ နေ့က စင်္ကာပူမှာ ၃ နှစ်သမီးလေးတယောက်ကို ရောဂါသံသယရှိထားတယ်။ တရုပ်ပြည် ဝူဟန်ကပြန်လာသူ။
တိရစ္ဆာန်တွေ၊ ငှက်တွေ၊ ယုန်၊ တောနေကောင်လေးတွေမှာလည်း ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တယ်။ Respiratory Syncytial Virus ဗိုင်းရပ်စ်ကနေ အသက်ရှူလမ်းမှာ ရောဂါတွေရစေနိုင်တယ်။
ပင်လယ်စာမှာလည်း လက်ကားရောင်းရာနေရာကနေဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၄-၁-၂၀၂၀
Credit: #DrTintSwe

image