ခေါင်ဆောင်ကောင်းတစ်ယောက်ဆိုတာ
ခေါင်းဆောင်ရာထူးရှိမှ ခေါင်းဆောင်ဖြစ်တာမဟုတ်ပါဘူး။
ခေါင်းဆောင်ဆိုတာ တခြားသူတွေ ကိစ္စတစ်ခုကို တာဝန်မယူရဲတဲ့အချိန်မှာ ရဲရဲဝံံ့ဝံ့ အရှေ့ထွက်ပြီးတာဝန်ယူဦးဆောင်လုပ်တဲ့လူကိုခေါ်ပါတယ်။
မိတ်ဆွေအနေနဲ့လည်း ရာထူးတစ်နေရာရာမှာရှိနေမယ်ဆိုရင်
ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်တစ်ယောက်တည်း “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်” လုပ်နေလို့မရပါဘူး။ ဘယ်နေရာမှာဖြစ်ဖြစ် အဖွဲ့အစည်းနဲ့ ညီညီညွှတ်ညွှတ်လုပ်မှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အဲတာကြောင့် ကိုယ်ရဲ့ လက်အောက်မှာ ရှိနေတဲ့ အဖွဲ့ဝင်တွေနဲ့ လက်ပွန်းတတီးရှိနေသင့်ပါတယ်။
အားလုံးသိကြတဲ့အတိုင်းပဲ …ဘယ်နယ်ပယ်မှာဖြစ်ဖြစ် ခေါင်းဆောင်ကောင်းတွေရှိနေဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာအဖွဲ့အစည်းတစ်ခုရဲ့တစုတစည်းတည်းသွားနေတဲ့လမ်းကြောင်းမှာ ကောင်းကောင်းဦးဆောင်လမ်းပြပေးတဲ့သူဖြစ်ပါတယ်။
ဒါတွေတင်မကသေးပါဘူး။ မိတ်ဆွေသာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
◾️ဖြောင့်မတ် မှန်ကန်ရမယ်
◾️ကိုယ့်နောက်လိုက်တွေ စိတ်ဓာတ်တက်ကြွလာဖို့ပြောပေးနိုင်ရမယ်၊
◾️လူတွေကို ဆွဲဆောင်နိုင်ရမယ်၊
◾️ကိုယ့်အဖွဲ့သားတွေကို သနားကြင်နာရမယ်၊
◾️အလုပ်ကို ပြီးမြောက်အောင်စွမ်းဆောင်နိုင်ရမယ် စတဲ့အချက်တွေ ပြည့်စုံနေဖို့လိုပါသေးတယ်။
လူတွေက ခေါင်းဆောင်အဖြစ်နဲ့မွေးလာတာမဟုတ်ပါဘူး။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုတာက အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ပြည့်စုံပြီး ဖြောင့်မတ်မှန်ကန်နေမှသာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမှာပါ။
ခေါင်းဆောင်ကောင်းတွေဆိုတာ လူတွေရဲ့နှလုံးသားကနေ စီးဆင်းလာတဲ့ ခံစားချက်တွေကို ခံစားနားလည်နိုင်သူတွေဖြစ်ပါတယ်…
လက်ရှိနေရာကနေ အမြင့်တစ်နေရာကို တက်လှမ်းနိုင်ဖို့ တွန်းအားပေးနိုင်သူကို ခေါင်းဆောင်ကောင်းလို့ ဆိုနိုင်ပါတယ်။
မိတ်ဆွေအနေနဲ့ စီးပွားရေးနယ်ပယ်တင်မကပဲ အခြားနယ်ပယ်တွေမှာပါ တိုးတက်အောင်မြင်ချင်တယ်ဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့၊ခေါင်းဆောင်ကောင်းတစ်ယောက်ပီသဖို့ အရေးကြီးပါတယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လည်း ကိုယ့်ဘေးနားမှာရှိနေတဲ့ လူတွေရဲ့ အကူအညီများစွာ လိုအပ်ပါတယ်…
မိတ်ဆွေအနေနဲ့ ဘဝမှာ မဖြစ်မနေ အောင်မြင်ချင်တယ်ဆိုရင်တော့ ခေါင်းဆောင်မှု (Leadership) ကောင်းနေဖို့လိုပါတယ်။
Crd:

