Immune discovery may treat all cancer တွေရှိချက်သစ် ကင်ဆာကို ကုသနိုင်မလား
၂၀-၁-၂၀၂၀ နေ့ထွက် ဆေးသုတေသနသတင်းဖြစ်ပါတယ်။ တိကျအောင်ပြောရရင် အင်မြူး ခေါ် ခုခံအားစနစ် အသစ်တွေ့ရှိချက် ဖြစ်ပါတယ်။ သုတေသနတွေလုပ်ပြီး တချိန်မှာ ကင်ဆာတွေကို သနိုင်မယ်လို့ မြှော်လင့်ရတယ်။ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ စသည်။
ဗြိတိန်နိုင်ငံ ဝေလ်နယ်မှာရှိတဲ့ Cardiff University ကားဒစ်ဖ်တက္ကသိုလ်မှာ စမ်းသပ်နေတာဖြစ်တယ်။
လူတိုင်းမှာ အင်မြူး ခေါ် ခုခံအားစနစ်ရှိတယ်။ ရောဂါပိုးဝင်လာရင် ပြန်လည်ခုခံနိုင်စွမ်းရှိတယ်။ ကင်ဆာလိုဟာ ဖြစ်လာရင်လည်း အဲလိုကြိုးစားမှုလုပ်တယ်။
အခုသုတေသနမှာ အရင်နည်းတွေနဲ့မတူတာကို စဉ်းစားကြတယ်။ ကင်ဆာကို ကောင်းကောင်းခုခံတိုက်ဖျက်နိုင်ရေး။
လူ့သွေးထဲမှာရှိတဲ့ T-cell တီဆဲလ်တွေ။ အဲတာလေးတွေက တကိုယ်လုံးမှာ ဘယ်နေရာမှာ ရန်သူလိုဟာတွေ ဝင်လာသလဲ ရှာကြတယ်။ တိုက်ခိုက်ကြတယ်။ အရင်ကအဲလိုနည်းက မဖြစ်နိုင်ဘူးလို့ တွက်ဆထားခဲ့ကြတာ။ တီဆဲလ်တမျိုးတည်းကနေ ကင်ဆာအမျိုးမျိုးကို ခုခံတိုက်ဖျက်နိုင်မယ်လို့ ယူဆလာနိုင်ပြီ။
တီဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်မှာ ရီဆက်ပတာ ခေါ် လက်ခံတဲ့နေရာလေးတွေရှိတယ်။ တီဆဲလ် ရီဆက်ပတာတွေကနေ MR1 ခေါ်တဲ့ မော်လီကျူးလေးတွေနဲ့ အပြန်အလှန် လုပ်ဆောင်ကြမယ်။ အဲတာလေးတွေက ဆဲလ်တိုင်းရဲ့ မျက်နှာပြင်မှာ ရှိကြတယ်။
T-cell cancer therapies ကုသနည်းက ရှိပြီးသားဖြစ်ပါတယ်။ CAR-T ခေါ် သက်ရှိဆေးကနေ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးတယ်။
ကင်ဆာလူနာရဲ့သွေးကိုဖေါက်ယူမယ်။ T-cells တွေ ထုတ်ယူမယ်။ မျိုးဗီဇပြောင်းပေးမယ်။ ကင်ဆာတိုက်ခိုက်မဲ့ တီဆဲလ်တွေဖြစ်လာမယ်။ အဲတာတွေကို ဓါတ်ခွဲခန်းမှာ အများကြီးရအောင်မွေးယူမယ်။ လူနာကိုသွင်းပေမယ်။ CAR-T therapies ကုသနည်းလို့ အမည်ပေးထားတယ်။
အရေပြားကင်ဆာ၊ အူမကြီးကင်ဆာ၊ အရိုးကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ၊ သားအိမ်ဝကင်ဆာ၊ ကျောက်ကပ်ကင်ဆာတွေလည်း ဖြစ်နိုင်မယ်။
အခုထိတော့ အကောင်တွေမှာသာ စမ်းသပ်ရသေးတယ်။ လူတွေအတွက် ပိုကောင်း ပိုစိတ်ချရတဲ့နည်းတွေ ဆက်လက် စမ်းသပ်နေပါတယ်။
မြန်မာပြည်မှာ သုတေသနလုပ်ငန်းတွေကို အားပေးကြစေချင်တယ်။
Special credit: ဒေါက်တာတင့်ဆွေ
၂၁-၁-၂၀၂၀

