"လက်လွှတ်တတ်ခြင်းပညာ" နှင့် "နှင်းဆီပွင့်" ကဗျာ
Manifestation ဆိုတဲ့ ယူနီဗာ့စ်ဆီ ဆုတောင်းတွေ ပို့လွှတ်ကြတယ်လို့ အားလုံးလည်း သိလာကြပြီ။
ကိုယ်လိုချင်တာကို universe ကိုတောင်းခံကြတယ်လို့ အလွယ်မှတ်လို့ရပါတယ်။
စိတ်ဆန္ဒတွေ ပြင်းပြင်းပြပြနှင့် ဆုတောင်းကြလျှင်
အဲ့ဒီဆုတောင်းဟာ ကိုယ်မထင်ထားချိန်မှာ
ပြည့်လာကြတယ်ဆိုတာမျိုး ရှိဖူးတယ်မဟုတ်လား။
Manifesting လုပ်တယ်ဆိုတာ
ကံကြမ္မာကို ယုံပြီး ဒါကိုလိုချင်တယ် ဒါဖြစ်ချင်တယ်
ဒီအတွက် ဒီအရာရရှိနေပြီဆိုတာမျိုး
စိတ်သန္တာန်မှာ ယုံကြည်မှုရတာမျိုးဖြစ်ပါတယ်။
အဲ့ဒီအခါ allowing ဆိုတဲ့ ကိုယ့်လက်ဝယ်မှာ
ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြစ်လာမှာပါ။
လက်လွှတ်ခြင်းဆိုတာ ဒီဆုတောင်း manifestation တွေမှာ ပါလာတဲ့ အတ္တ၊ စွဲလမ်းမှု၊ တပ်မက်တို့ကို
ဖယ်ရှားပြီး ရရှိလာတဲ့အရာကို
လက်ခံတတ်တဲ့ စိတ်ထားလေးလို့ခေါ်ရမှာပဲ။
Law of attraction နဲ့ပတ်သက်ရင် ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးတစ်ပုဒ်ကို ပြေးသတိရမိပါတယ်။
ဒီကဗျာကိုသိတော့ သာမန်ကဗျာလို့ ထင်ပေမယ့် ဆရာမ ဂျုးရဲ့ စာပေဟောပြောပွဲတစ်ခုမှာ ကဗျာကို အကျယ်တဝင့်ရှင်းပြမှ ဒီကဗျာအကြောင်းပိုသိပြီး ပိုချစ်မိစေတဲ့ "နှင်းဆီပွင့်" ကဗျာပဲဖြစ်ပါတယ်။
"လယ်ထဲကပြန် ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနှင့် ဂုဏ်တင့်တယ်လေး"
ကဗျာထဲမှာ ကောင်လေးတစ်ယောက် လယ်တောထဲက အလုပ်လုပ်ပြီးအပြန် သူချစ်တဲ့ ကောင်မလေးနဲ့တွေ့တော့ ကောင်မလေးက ခရေဖူးလိုချင်တယ်တဲ့
တကယ်တော့ ခရေပန်းဆိုတာ အပင်ပေါ်ဖူးပြီး ကြွေမှ ကောက်ပြီး သီကုံးပြီး ပန်ကြတာမဟုတ်လား။
ကောင်မလေးက ခရေပင်ရဲ့ ခရေဖူးလေးမှပန်ချင်တဲ့အခါ ကောင်လေးကလည်း ခဲရာခဲဆစ် ခရေအပင်ပေါ်ထိတက်ပြီးခူးပေးပြီး ပေးလိုက်ပေမယ့်
မနက်ရောက်တဲ့အခါ ကောင်မလေးခေါင်းမှာ နှင်းဆီပွင့်ကိုပန်ထားတယ်။
နှင်းဆီပွင့်တွေနဲ့လည်း ဂုဏ်တင့်တယ်ပါလားဆိုတဲ့ ဆရာကြီးမင်းသုဝဏ်ဟာ ကောင်လေးရဲ့ ကြိုးစားအားထုတ်မှုနှင့် နှိမ့်ချတတ်မှုကို ချစ်စဖွယ်ဖြစ်အောင်ရေးထားတာကိုတွေ့ရပါတယ်။
ကိုယ်တို့ရဲ့ ဆုတောင်း manifestation ဟာ
ကောင်မလေး ပဲဖြစ်ပါတယ်
ကိုယ်တို့ရဲ့ ကြိုးစားအားထုတ်မှု လိုချင်မှုဖြစ်တဲ့
Visualization နှင့် Affirmation တို့က
တကူးတက တက်ခူးရတဲ့ ခရေဖူး တွေပါ။
တကယ် letting go ဆိုတာ
ခေါင်းထက်က နှင်းဆီပွင့်တွေလို ဂုဏ်တင့်ပါတယ်လေဆိုတဲ့စိတ်ထားလေးပါ
ယုံကြည်ချက်ဟာ အရာရာပါ
Manifesting လုပ်တဲ့အခါ
လိုချင်တပ်မက်တဲ့
စွဲလမ်းမှု attachment တွေကို letting go လုပ်နိုင်ကြပါစေ...
#
credit


Nawzar Khaing
Delete Comment
Are you sure that you want to delete this comment?