လူတစ်ယောက်ကို သေအောင်သတ်ဖို့
ဓားလှံလက်နက် မလိုကြောင်း
စကားလုံးတွေ အများကြီးကို
တစ်ဖက်တည်းကချည်း ပြောတတ်ပါကြောင်း
အမှောင်ဘက်ခြမ်းကို
ကျွန်မ ဘယ်လောက်စောင်းကျနေပြီ ဆိုတဲ့အကြောင်း
လူတစ်ယောက်ဟာ
ကြံတစ်ချောင်းထက် ပိုအရည်ညှစ်ခံရကြောင်း
ကိုယ် မမှာယူပါဘဲ လိပ်စာနဲ့တကွ ရောက်ရှိလာတဲ့
အမှားများ လက်ခံရရှိတတ်ပါကြောင်း
မျက်နှာသစ်ပြီး စိတ်ညစ်နေသူများအကြောင်း
နည်းနည်းပဲ ပေးနိုင်ပေမယ့်
များများစားစား ပြန်ရတဲ့အခါ မေတ္တာဝန်ပိတတ်ကြောင်း
ကျွန်မပြောမယ်။
#မြကျေး
כמו
תגובה
לַחֲלוֹק


Zoyar
מחק תגובה
האם אתה בטוח שברצונך למחוק את התגובה הזו?