ကျွန်မ အဆီအအိမ့် မစားဘူး။ ရင်ပြည့်အောင် မစားဘူး။ ဒါက ကျွန်မရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းစေတယ်။
လက်လှမ်းမမီတဲ့ အိပ်မက်တွေ ကျွန်မမမက်ဘူး။ ဒါက ကျွန်မရဲ့အိပ်စက်ခြင်းကို ငြိမ်းချမ်းစေတယ်။
ဒေါက်မြင့်ဖိနပ်တွေနဲ့ ခြေထောက်ကို ကျွန်မ မနှိပ်စက်ဘူး။ ဒါက ကျွန်မရဲ့ခြေလှမ်းကို ပိုတည်ငြိမ် ပေါ့ပါးစေတယ်။
ခေတ်ရေစီးနောက် ကျွန်မ မလိုက်ဘူး။ ဒါက ကျွန်မရဲ့အဝတ်အစားတွေကို အမြဲသစ်လွင်စေတယ်။
ခြေလက်လှုပ်ရှားရမှာကို ကျွန်မ မရှက်ဘူး။ ဒါက ကျွန်မကို ကျန်းမာပြီး သွက်လက်စေတယ်။
အချိန်အခါမသင့် ရင်းနှီးလွန်းတဲ့ ခင်မင်မှုကို ကျွန်မရှောင်တယ်။ ဒါက ကျွန်မကို ဝန်ထုပ်ဝန်ပိုးနဲ့ ကတိကဝတ် လျော့ပါးစေတယ်။
မလိုအပ်တဲ့ အတင်းအဖျင်းတွေ ကျွန်မ မပြောဘူး။ ဒါက ကျွန်မစိတ်ကို ကြည်လင် အေးချမ်းစေတယ်။
အတိတ်ကို အတတ်နိုင်ဆုံး ကျွန်မ တမ်းတမနေဘူး။ လျှောက်ခဲ့တဲ့လမ်း နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်လို့ပါ။
တခြားသူကို သတိနဲ့ ကျွန်မချစ်တယ်။ လွှမ်းမိုး စိုးမိုးမှု မဖြစ်အောင်ပါ။
သဘာဝအတိုင်းပဲ ငိုချင်တဲ့အခါ ကျွန်မငိုပြီး ရယ်ချင်တဲ့အခါ ကျွန်မရယ်တယ်။
လေးနက် နက်နဲဖို့ ကျွန်မ မတောင်းဆိုဘူး၊ ရိုးရှင်းနေဖို့ပဲ ကျွန်မတောင်းဆိုပါတယ်။
-- ဆမ်မောက်
💌
#နိုင်းနိုင်းစနေ

