မိုးရာသီရဲ့ အစနေ့ရက်တွေပေါ့
မိုးရွာထဲ လမ်းလျှောက်ရတာကြိုက်တယ်
ဘယ်သူမှ မမြင်စေချင်တဲ့
မျက်ရည်တွေကို အားရပါးရ
သွန်ချလို့ရတယ်လေ
မိုးသည်းထဲမှာ အော်ဟစ်ပြီး
အကျယ်ကြီး ငိုချလို့ရတယ်
မိုးတွေရွာတိုင်း
တမင်ကို မိုးရွာထဲ ထိုင်နေတတ်တာ
အကျင့်တစ်ခုလိုတောင် ဖြစ်နေပေါ့........

Zarmani
photo #crd

image