Shwe Sin Ei  delte en  stolpe
2 år

ကျနော်တို့ ဘဝမှာ
အမြဲတမ်း ရင်ဘတ်ထဲ
သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ်။

အဲ့ဒီလူဟာ
ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

မခေါ်ရလဲ ဖြစ်တယ်။
မတွေ့ရလည်း ရတယ်။
ပတ်သတ်မှုဆိုတာထက်
ရင်ဘတ်ထဲက ခံစားမှုတစ်ခုပါ။
ချစ်တာ မချစ်တာက ကျယ်ပြန့်လွန်းလို့
မြတ်နိုးမှုပဲ ဆိုပါစို့။

တကူးတကကြီး နှုတ်မဆက်ဖြစ်ဘူး။
တစ်ခါတစ်ရံ လချီပြီး စကားမပြောဖြစ်ဘူး။
ပြောဖြစ်ရင်လည်း ခဏလောက်ပဲ။

သူနှစ်သက်တဲ့အရာတွေတွေ့ရင်
တကယ့်အခက်အခဲတွေကြုံရင်
သတိရလိုက်တယ်။ ဒီလိုပဲရိုးရှင်ပါတယ်။

အမြဲထုတ်မပြောဖြစ်တဲ့
ရင်ဘတ်ထဲသိမ်းထားတဲ့
ကျနော်တို့ရဲ့ တစ်စုံတစ်ယောက်ပေါ့။

- လူခေး -