ငါတို့နိုင်ငံ ဘယ်နေရာမှာ မှားနေ လဲ..
ခု ချိန်ထိ ဝါးလုံးခေါင်းထဲ လ သာနေတဲ့သူတွေ
ဒီဆောင်းပါးလေး ဖတ်မိပါ စေ......
.
.
Boeing ကအီသီယိုးပီးယားမှာရုံးချုပ်ဖွင့်မည် ..
ကမ္ဘာ့ဒုတိယအကြီးဆုံးလေယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Boeing ကအာဖရိကတိုက်ရဲ့ရုံးချုပ်အဖြစ် အီသီယိုးပီးယားနိုင်ငံမြို့တော် Addis Ababa မြို့မှာ ၂၀၂၄ ခုနှစ်အတွင်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဘိုရင်းက ကင်ညာနှင့်တောင်အာဖရိကနိုင်ငံတွေကိုကျော်ဖြတ်ပြီး အီသီယိုးပီးယားနိုင်ငံကို အာဖရိကရုံးချုပ်ဖွင့်ဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အီသီယိုးပီးယားလေကြောင်းလိုင်းနှင့် အကျိုးတူပူးပေါင်းပြီး လေယာဉ်အစိတ်အပိုင်းများထုတ်လုပ်သွားမှာဖြစ်ပါတယ်။
အီသီယိုးပီးယားလေကြောင်းလိုင်းက လက်ရှိမှာ လေယာဉ်အစီးရေ ၁၅၄ စီးဖြင့်ပြေးဆွဲနေတဲ့ အာဖရိကတိုက်ရဲ့ အကြီးဆုံးလေကြောင်းလိုင်းလည်းဖြစ်ပါတယ်။ ဒီထဲက ၁၀၂ စီးက ဘိုရင်းလေယာဉ်အမျိုးအစားတွေဖြစ်ပါတယ်။
ဘိုရင်းကုမ္ပဏီကလာမယ့်နှစ် ၂၀ အတွင်း အာဖရိကလေကြောင်းလိုင်းတွေကနေ ဂျက်လေယာဉ် ၁၀၃၀ စီးအထိရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။
ဟုတ်ပါတယ် ၁၉၈၀ ကျော်ကာလတွေမှာ ရာစုနှစ်ရဲ့အကြီးမားဆုံး အငတ်ဘေးဆိုက်လို့ လူသန်းနဲ့ချီအသက်ဆုံးခဲ့တဲ့ အီသီယိုးပီးယားနိုင်ငံမှာဖြစ်ပါတယ်။
Credit
Fact