မြူကြားမှာ ခြေရာ
တိမ်တွေရဲ့နူးညံ့မှုလို
ဖွဖွလေး ချဉ်းကပ်လာလိုက်တာ
ခြေသံသဲ့သဲ့လေးတောင်မကြားလိုက်မိ
တောင်ခိုး တိမ်မျှင်တွေ
ကိုယ့်ပလိုင်းထဲ အပြည့်ထည့်မယ့် စိတ်ကူးဖော့ဖော့လေးနဲ့
တိမ်ပင်လယ်ထဲ ရောက်ချိန်
သန့်ရှင်းတဲ့မြူမူန်ကြောင့်လား
အေးမြတဲ့ နှင်းငွေ့ကြောင့်လား
အနွေးဓာတ် လိုနေတဲ့
ငါ့စိတ်ခန္ဓာရဲ့ ဟာတာတာ ဖြစ်မှုက
တိမ်လား မြူလား ရေငွေ့လား ရောယှက်နေတော့
အဖမ်းရခက်တဲ့ ခြေရာတွေလို
crd
Aimer
Commentaire
Partagez


KoKo Z
supprimer les commentaires
Etes-vous sûr que vous voulez supprimer ce commentaire ?