ရှိတယ်။
မကြာခဏ သတိရနေပေမယ့်လည်း
ဖုန်းခေါ်လို့ မရတော့တဲ့သူတွေ
ရှိတယ်။
ရှိတယ်။
အိပ်မက်ထဲကို လာလာလည်ပြီး
မိုးလင်းတဲ့အခါ အစဖျောက်သွားတဲ့သူတွေ
ရှိတယ်။
ရှိတယ်။
အနားတိုးလာ တစ်ခုခုပြောလိုက်ပြီးမှ
တကယ်လှည့်ကြည့်တဲ့အခါ မြင်လို့မရတော့တဲ့သူတွေ
ရှိတယ်။
ရှိတယ်။
အတွေးတစ်ခုကို မျိုးစေ့ချပေးပြီး
ကဗျာပြီးသွားတဲ့အခါ ပေးဖတ်လို့ မရတော့တဲ့သူတွေ
ရှိတယ်။
There are those
whom we may think of very often,
but we can no longer reach them by phone.
Yes, they exist.
There are those
who frequently come to see us in our dreams,
but when the morning's broken, they vanish without trace.
Yes, they exist.
There are those
who come close and whisper something into our ears,
but when we actually turn around, they're nowhere to be seen.
Yes, they exist.
There are those
who have planted a thought in our mind,
but when the poem is ready, they're no longer there to read it.
Yes, they exist.

