စိတ်ကို အရောင်ဆိုးခံရပြီးနောက် ~

ရင်ထဲမှာ အလိုမကျ ဖြစ်နေရင်တောင်~~
ဘယ်သူ့ကိုမှ ထုတ်ဖော် မပြောပြဖြစ်တော့ဘူး

အကြောင်းမတိုက်ဆိုင်လို့ ခွဲခွာရခြင်းတွေကို
မထိုက်တန်ခြင်းတွေလို့ပဲ လက်ခံထားလိုက်တယ်

ကိုယ့်ရဲ့ဖြစ်တည်မှုလေး အပေါ် မှာ ရိုးသားစွာ
နေထိုင်သွားဖို့ပဲ ပိုအာရုံ စိုက်လိုက် တယ်"

တစ်ခါတရံ ကြေကွဲမှုတွေနဲ့ အရမ်းပင်ပန်းတဲ့
ခံစားချက်တွေကြောင့် အိပ်မပျော်နိုင်တဲ့

ညဘက်တွေမှာ အတတ်နိုင်ဆုံး သူများကို
သွားမနှောင့်ယှက်မိအောင် နေထိုင်တယ်"

ပြိုလဲကျချင်နေရင်တောင် တောင့်ခံပြီး
ကိုယ့်အတွက်ကိုယ် ရပ်တည်နေပါတယ်"

ဒီလို သန်မာအောင် ကြိုးစား နေတဲ့ ကြားက
ကိုယ်တကယ် အရမ်းနာကျင်လာရင်လည်း
အရာအာလုံးကို လွှတ်ချ လိုက်တယ်"

လူတချို့ကြောင့် ကိုယ်ဝမ်းနည်းလာရင်
တိတ်တဆိတ် ရှောင်ထွက်သွား လိုက်တယ်"

စိတ်မပျော် မရွှင် ဖြစ်စေတဲ့ အရာတွေ
အတိတ်ကြောင်းတွေကို မေ့ထားလိုက်တယ်"

ကိုယ် အဆင်ပြေမှပဲ အနားမှာ နေချင်တဲ့
တချို့ တချို့သော သူတွေကို တော့
ဥပေက္ခာပြုထား လိုက်ပါတယ်

မလာချင်တဲ့ သူကို အတင်းမခေါ် ချင်ဘူး။
ကိုယ့် အနားမှာ ရှိနေပေးတဲ့ လူ ကိုဘဲ
တန်ဖိုးထား ပိုချစ်ပေး လိုက်တယ်"

အမြဲတမ်း ပျော်ရွှင်နေတာ မဟုတ်ပေမယ့်
အတတ်နိုင်ဆုံးတော့ ပျော်အောင်နေတယ်"

ဒါကြောင့် ~~ နောက်ဆိုရင်လည်း
ကြုံတွေ့ရမယ့် လောကဓံ"ဟာ ဆိုးဆိုး
ကောင်းကောင်း အပြုံးနဲ့ပဲ ရင်ဆိုင်သွားမယ်"

ဘဝရဲ့ စမ်းသပ်မှုတွေ ကြားမှာ သန်မာနေဖို့
တစ်ယောက်တည်းပဲ အစွမ်းကုန် ကြိုးစားမယ်"

အမျိုးမျိုးသော လောကဓံလှိုင်းတွေ ကြားမှာ
ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို
ကိုယ်တိုင်ပဲ တာဝန်ယူ ဖြေရှင်းသွားပါ့မယ်"

တချို့သော အဖြစ်အပျက် တွေကြောင့်
သူတို့ရဲ့ စိတ်ရင်းကို ပုံဖော်ကြည့် နိုင်ခဲ့ပြီး

ကိုယ့်စိတ်ကိုလည်း ဒီထက် ပိုကျန်းမာပြီး
ကြံ့ခိုင်သန်မာဖို့ အဓိကထား ဂရုစိုက်ရင်းနဲ့

တချို့ ကိစ္စတွေရယ် လူတချို့အပေါ်ရယ်
တည်တည်ငြိမ်ငြိမ်နဲ့ ပြတ်သားတတ်လာတယ်"

ကိုယ်က သန်မာလွန်းတဲ့ သူ မဟုတ်ပေမယ့်
အခုနောက်ပိုင်း ပိုသိ ပိုနားလည် လာတာက

နာကျင်စရာတွေ ဆီက ပိုကောင်းဖို့ သင်ယူရင်း
စုံပလုံစိ နေတဲ့ ဒုက္ခတွေ အလုပ်တွေ ကြားမှာ

ကိုယ်ဟာ ထင်သလောက်ကြီး တော့လည်း
” မပျော့ညံ့ သေး ဘူး ဆိုတာ လေးပါ "

================

credit.... khaing...

ချစ်သောရင်ငြိမ်းပန်း

image