လက်ရှိအနေအထားကို ရင်ဆိုင်ဖို့မှာ ရေတို ရေရှည် ၂ နည်း ရှိပါတယ်။

ရေရှည်ကတော့ သိတဲ့အတိုင်း ပြဿနာရဲ့ အကြောင်းရင်းခံကို ဖယ်ရှားဖို့ပါပဲ။ အကြောင်းကို မဖယ်သရွေ့ အကျိုးတရားတွေက ရှိနေမှာပါ။ ညည်းနေရုံနဲ့ ပြေပျောက်သွားမှာတော့ မဟုတ်ပါဘူး။

အဲဒီလို ကြိုးစားနေကြတဲ့ တပြိုင်တည်းမှာ ရေတိုအနေနဲ့လည်း ကိုယ့်ရဲ့ ရှင်သန်ရေးကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။

ငွေကို ဘယ်လိုချွေတာမလဲ၊ မိသားစု ကျန်းမာရေးအတွက် ဘယ်လိုပြင်ဆင်မလဲ၊ ဖိနှိပ်မှုတွေကို တွန်းလှန်ရာမှာ ဆက်ပြီး ပါဝင်နိုင်အောင် ဘယ်လိုလုပ်မလဲ စသဖြင့် စသဖြင့် စဉ်းစားကြရမယ်လို့ ထင်ပါတယ်။

အရေးကြီးဆုံးကတော့ မကြာခဏလည်း ပြောဖြစ်သလို၊ အချင်းချင်း ရိုင်းပင်းကြဖို့ပါပဲ။

Social Support ဟာ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ရာမှာ သိပ်အရေးကြီးပါတယ်။ တစ်ပင်တည်း ထီးထီးကြီး ဖြစ်နေခြင်းက လဲပြိုဖို့ အခွင့်အလမ်း သိပ်များစေပါတယ်။

ရှေ့လာမဲ့ အချိန်တွေဟာ ပိုပိုပြီး ခက်ခဲကြမ်းတမ်းလာဖို့ များပါတယ်။ ဒီအတွက် ခံနိုင်ရည် အားကောင်းအောင် ပြင်ဆင်ပါ။ တစ်ဦးကိုတစ်ဦး ရိုင်းပင်းပါ။ ပြဿနာရဲ့ ရင်းမြစ်ကို ဖယ်ရှားဖို့လည်း မျက်ခြည်မပြတ်စေပါနဲ့။

ဒီလိုရေတိုရေရှည် မျှမျှတတ ပြင်ဆင်ရင်း ဖြစ်လာသမျှကို အတူရင်ဆိုင်ကြတာပေါ့။

ဒေါက်တာ ဖြိုးသီဟ(တယ်လီဂရမ်)
၄.၆.၂၀၂၄

image