" မိုးနဲ့မြေ "
.
တကယ်ဆို
အတူတကွအေးမြစေလိုခြင်းပါပဲ
.
သွေ့ခြောက်မှုတွေလန်းစိုလာစေချင်တာကမေတ္တာဆိုရင်
ငံ့လင့်ခေါ်ငင်ခဲ့တဲ့ပမာဏက
ဆီးကြိုထွေးပွေ့မှုရဲ့သာဓကပေါ့
.
ပူပြင်းကျွမ်းလောင်ခြင်းရာသီတွေဆီက
ငွေ့ရည်တွေစုထားရတဲ့မိုးလို
မြေသင်းနံ့လေးကိုခိုဖို့
နားလည်မှုတွေ ဆိုင်းညို့ပြီးမှ
ကြွေကျလာခဲ့ရတာ
.
ယိမ်းယိုင်ဖို့လုံလောက်တဲ့အထိ
ထိမ်းမတ်ရခက်တဲ့လမ်းတွေလျှောက်တဲ့အခါ
တွဲဖက်ကောင်းဖြစ်ရုံသက်သက်
လက်မောင်းလေးကို
ကိုင်ဆုပ်ထားခဲ့တာမှမဟုတ်ပဲ
.
ကြည့်ပါဦး
ကိုယ့်ခေါင်းလေးငဲ့စောင်းပြီး
မင်းပခုံးကိုမှီလိုက်တဲ့အခါ
မင်းနှလုံးသားကလည်း
ကိုယ့်ပခုံးကိုမှီထားခဲ့တယ်ဆိုတာ
- ဆု ဘိုး မိ -


UZaww
Delete Comment
Are you sure that you want to delete this comment?